Thursday, December 1, 2016

ဘုတ်ပြင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်းမှ တရားမ၀င် သစ်ခိုးလှေ တစ်စင်း ဖမ်းဆီးရမိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ ပန်းတောင်းကျွန်းတောင်ဘက် ပင်လယ်ပြင်အတွင်း သတင်းအရ တပ်မတော်(ရေ)မှ တပ်မတော်သားများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် နိုဝင်ဘာ ၂၈ ရက် ညနေ ၅ နာရီ ၄၈ မိနစ်ခန့်တွင် မသင်္ကာဖွယ်လှေ တစ်စင်းအားတွေ့ရှိ၍ မီးအချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ မြောက်ဘက်သို့ ဦးတည်မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဘုတ်ပြင်းမြို့၏ အနောက်တောင် ဘက် ၁ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါလှေသည် စက်မကြီး တရုတ်နီ အင်ဂျင် 25 Hp Gear Box နှင့်တွဲလျက် တစ်လုံး၊ တရုတ်နီအင်ဂျင် 18 Hp ဘေးချိတ် တစ်လုံးနှင့် တရုတ်နီအင်ဂျင် 10 Hp ဘေးချိတ် တစ်လုံးတို့ တပ်ဆင်ထားသည့် အလျား ၅၇ ပေ၊ အနံ ၁၃ ပေ ၆ လက်မနှင့် ရေစူး ၆ ပေ ၆ လက်မခန့်ရှိ တရားမ၀င် သစ်ခိုးလှေတစ်စင်းဖြစ်ပြီး လှေပေါ်တွင် အမျိုးသားလေးဦးကို တောသစ်ခွဲသားဆိုဒ်စုံ ၁၀ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများ၊ လှေ၊ သစ်များ၊ စက်နှင့် ဆက်စပ်ပစ္စည်းများကို မြိတ်မြို့ရှိ သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြ၀တီ

No comments:

Post a Comment