Friday, December 2, 2016

စည်းကမ်းမလိုက်နာသော ထိုင်းကုမ္ပဏီများကို နိုင်ငံတကာနည်းလမ်းဖြင့် ပြောင်းလဲ အရေးယူမည်

စည်းကမ်း လိုက်နာမှုမရှိသော ထိုင်းကုမ္ပဏီများကို နိုင်ငံတကာ နည်းလမ်းအတိုင်း ဖောက်သည်များ နှင့် ချိတ်ဆက်ကာ အရေးယူေ ဆာင်ရွက် မှုမျိုး ပြောင်းလဲ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။ြ မန်မာနိုင်ငံသားများ သွားရောက် အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီများတွင် စည်းကမ်းဖောက်ဖျက် သော ကုမ္ပဏီများကို ယခင်က မြန်မာ နိုင်ငံမှ အလုပ်သမား ခေါ်ယူခွင့်ပိတ် ခြင်း၊(Black list)သွင်းခြင်းဖြင့် အရေး ယူဆောင်ရွက်ခဲ့သော်လည်း စည်းကမ်း   ဖောက်ဖျက်မှု လျော့ပါးသွား ခြင်းမရှိ သည့်အတွက် သက်ဆိုင်ရာ ကုမ္ပဏီများ ၏ ဖောက်သည်များနှင့်ချိတ်ဆက်ကာ အရေးယူဆောင် ရွက်ခြင်းပုံစံသို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ် ငန်းရှင်များအသင်းချုပ် (MOEAF)မှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ် သို့ပြောသည်။



”အရင်က မြန်မာလုပ်သား လုံးဝ ခေါ်ခွင့်မရှိတာတို့နဲ့ အရေးယူတယ်။ ဒါပေမယ့် ခုနောက်ပိုင်းတော့ နိုင်ငံတ ကာနည်းအတိုင်း လုပ်တော့မယ်။ စည်း ကမ်းချိုးဖောက်ရင် သူတို့ရဲ့ ဖောက် သည်တွေနဲ့ ချိတ်ဆက်ပြီး  ပစ္စည်းမယူ ခိုင်းတာတို့ လုပ်မယ်။ နိုင်ငံတကာမှာ လည်း ဒီနည်းအတိုင်း ဖြေရှင်းနေတာ ပါပဲ။ ဒီလိုလုပ်ရင် သူတို့စီးပွားရေး ထိ ခိုက်တဲ့အတွက် စည်းကမ်းလိုက်နာကြ မယ်ထင်ပါတယ်” ဟု ၄င်းကဆိုသည်။

လက်ရှိတွင် စည်းကမ်းချိုးဖောက် မှုကြောင့် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီ ၂ဝ ကျော်ကို မြန်မာ လုပ်သားခေါ်ယူခွင့် ပိတ်ထားပြီး ယင်းထဲ တွင် ကုမ္ပဏီကြီး များပါဝင်ကြောင်း MOEAF ၏ စာရင်းများအရ သိရသည်။

ဖောက်သည်များနှင့် ချိတ်ဆက် အရေးယူ ဆောင်ရွက်မည့်အစီအစဉ် ကို မကြာမီတွင်စတင်မည်ဖြစ်ပြီး လာ မည့်နှစ်ဦးပိုင်းတွင် စတင်နိုင်ရန် ခန့် မှန်းထားကြောင်း  သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုဝင် ဘာလ ဒုတိယအပတ်အတွင်း အမျိုး သားလွှတ်တော် အလုပ်သမားကော်မ တီ ဥက္ကဋ္ဌ ဦးကျော်ထွေး  ထိုင်းနိုင်ငံMOEAF ရုံးခန်းသို့ လာရောက်လေ့ လာစဉ်ကလည်း ထည့်သွင်းဆွေးနွေး သွားကြောင်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံသို့ အလုပ် သမားပို့ဆောင်နေသည့် အေဂျင်စီ ၆၅ ခုခန့်ရှိပြီး ယင်းထဲတွင်လည်း စည်းကမ်း မလိုက်နာမှုနှင့် မိမိ ပို့ဆောင်သည့် အလုပ်သမားများဖြစ်ပွားသည့် ပြဿ နာများကိုတာဝန်ယူခြင်းမရှိသည့် အေ ဂျင်စီ ၁ဝ ခုခန့်ကို လိုင်စင်ပိတ်သိမ်းထား   ကြောင်း သိရသည်။

No comments:

Post a Comment