Thursday, December 1, 2016

တရုတ်နိုင်ငံ ဟီဘေးပြည်နယ်တွင် မီးခိုမြူ အနီရောင် သတိပေးချက်ထုတ်ပြန်

တရုတ်နိုင်ငံ မြောက်ပိုင်း ဟီဘေးပြည်နယ်တွင် ပြင်းထန်သော လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာသည့်အတွက် အနီးရောင်သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း ရှင်ဟွာသတင်းအေဂျင်စီက ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး လမ်းမပေါ်ရှိ ကားနှင့် စက်ရုံလုပ်ငန်းများကြောင့် မီးခိုးမြူ အမြင့်ဆုံးသတိပေးချက်အဆင့် ဖြစ်သည်ဟုဆိုသည်။ မြို့တော် ပေကျင်းနှင့် နီးစပ်သည့် ပြည်နယ်တွင် တရုတ်နိုင်ငံ၏ ထိပ်တန်းစတီးမြို့တော် ဆန်ရှန်အပါအ၀င် လေထုညစ်ညမ်းစေသော စက်ရုံအမြောက်အများရှိသည့် နေရာဖြစ်သည်။ လေထုညစ်ညမ်းမှုအပေါ် စိုးရိမ်စိတ်များကြောင့် လူမှုဆူပူအုံကြွမှုများဖြစ်ပေါ်လာခဲ့ပြီး တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှုအတွက် ဆယ်စုနှစ် ၃ ခုကျော်ကြာ လေ၊ရေနှင့် မြေကြီးညစ်ညမ်းစေခဲ့မှုအတွက် ကမ်ပိန်းပြုလုပ်နေကြသည်။ ပြည်နယ်တွင်း မြူခိုးမြူထူထပ်စွာ ကျရောက်မှုသည် သောကြာနေ့မှ စနေနေ့အထိ ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်ပြီး ပြည်နယ်အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ မြို့အများစုတွင် အနီရောင်သတိပေးချက်ထုတ်ပြန်ထားကြောင်း ဟီဘေး အာဏာပိုင်များကပြောသည်။ မြို့အချို့တွင် လမ်းမများပေါ်၌ ကားမောင်းနှင်မှုကို တစ်စိတ်တစ်ပိုင်း တားမြစ်ထားပြီး ရှင်းထိုင်မြို့ရှိ စက်ရုံများကို မီးခိုးထုတ်လွှတ်မှု တစ်ဝက်တိတိ လျှော့ချထားရန် အမိန့်ထုတ်ထားသည် ဟုဆိုသည်။ Ref:Reuters

No comments:

Post a Comment