Friday, December 2, 2016

မြန်မာ - ထိုင်း ဘောလုံးပွဲလက်မှတ်များဝယ်သူအလွန်များ အချို့လက်မှတ်များမှောင်ခိုဈေးကွက်အတွင်းရောက်ရှိနေဟု စွပ်စွဲမှုများရှိနေ

ဒီဇင်ဘာ ၄ ရက်နေ့မှာ သုဝဏ္ဏအားကစားကွင်းမှာပြုလုပ်မယ့် မြန်မာနဲ့  ထိုင်းရဲ့ ဆူဇူကီး ၂၀၁၆ ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် အထူးတန်းနဲ့ ရိုးရိုးတန်း လက်မှတ်တွေကို ဝယ်ယူရာမှာ လက်မှတ်ဝယ်ယူ၍ မရသောအခက်အခဲ များရှိနေကြောင်းသိရသည်။ မြန်မာနှင့် ထိုင်းအသင်းတို့သည် ဒီဇင်ဘာလ ၄ရက်နေ့၊ ညနေ ၆နာရီတွင်  ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အဆိုပါ ပွဲအတွက် ကြိုတင်လက်မှတ်များကို  ၂ ရက်နေ့နှင့် ၃ရက်နေ့တွင် ရောင်းချပေးနေခြင်းဖြစ်ပြီး မှောင်ခို ဝယ်ယူမှုများရှိနေကာ လက်မှတ်ဝယ်ယူရေးအခက်အခဲများရှိနေခြင်းဖြစ်သည်။ "မှောင်ခိုသမားတွေက အရင်တန်းစီပြီး ၀ယ်နေပါတယ်။ ကလေးတွေ ကလူကြီး မှတ်ပုံတင်တွေကိုင်ပြီး ၀ယ်နေတာကို ရောင်းပေးနေတာ တွေ့ရတယ်။ အလုပ်ပျက်ခံပြီး လာဝယ်တဲ့ ရာနဲ့ချီတဲ့လူတွေ  လက်မှတ်မရတာတွေ ရှိနေတယ်။" ဟု အဆိုပါပွဲစဉ်လက်မှတ်  ဝယ်ယူရန် အတွက် ၄ နာရီခန့်စောင့်ဆိုင်းခဲ့ရသော ကိုမြတ်သူရကပြောသည်။ လက်မှတ်ဝယ်ယူလိုသူများ အနေဖြင့် မှတ်ပုံတင် ယူဆောင်လာရ မည်ဖြစ်ပြီး မှတ်ပုံတင် ၁ခုလျင် လက်မှတ် ၂စောင် နှုန်းရောင်းချပေး သွားမည်ဖြစ်ရာ မှောင်ခိုသမားမဖြစ်စေရန်အတွက်လက်မှတ်များ ပိုမိုရောင်းချခြင်းမပြုခဲ့ကြောင်း လူကြည့်များသည့်ပွဲစဉ်ဖြစ်သောကြောင့်  လက်မှတ်များ အကုန်မြန်ခြင်းဖြစ်ကြောင်း အောင်ဆန်းကွင်းမှ  လက်မှတ်အရောင်းတာဝန်ခံ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။ လက်မှတ်များကို သုဝဏ္ဏအားကစားကွင်း၊ အောင်ဆန်း၊ ပဒုမ္မာကွင်း  နှင့် ရောင်းချနေကျ မြန်မာပလာဇာ အစား လှည်းတန်းစင်တာတွင်  အစားထိုးရောင်းချပေးနေသည်။

No comments:

Post a Comment