Thursday, December 1, 2016

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း မုံး ကိုးမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ဆဲဖြစ်ပြီး မုံး ကိုးဒေသခံအချို့ မူဆယ်မြို့သို့ နိုဝင်ဘာ ၃၀ ရက်တွင် စစ်ဘေး ရှောင်ရန် ရောက်ရှိလာကြောင်း သတင်းရရှိသည်။ မူဆယ်မြို့နယ် ဆွမ်လုံကျေး ရွာအနီးတွင်လည်း နိုဝင်ဘာ ၃၀ ရက် နံနက် ၃ နာရီခွဲက တပ်မ တော်နှင့် ကချင်လက်နက်ကိုင်အ ဖွဲ့ KIA ၊ တအာင်းလက်နက်ကိုင် အဖွဲ့ TNLA ပူးပေါင်းအဖွဲ့တို့အ ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မ တော်သားတစ်ဦးဒဏ်ရာရရှိခဲ့ သည်။ ‘‘မူဆယ်မှာကတော့ ပုံမှန် ပဲ။ မနက်က ဖြစ်သွားတဲ့ဖြစ်စဉ် ကွတ်ခိုင်နဲ့ မူဆယ်ကြားဆွမ်လုံ ဘက်ပေါ့။ အဲဒါလေးပဲရှိပါတယ်။မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း) က စစ်ဘေးရှောင်တွေ မြို့ပေါ်ကို ရောက်လာတာလေးတွေရှိတာ ပေါ့။ ၂၃ ဦးလောက် ဒီနေ့ထပ် ရောက်လာတာ’’ဟု မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းက ပြော သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း၊ နိုဝင်ဘာ ၃၀ ရက် တွင် မုံးကိုးဒေသ၌ တိုက်ပွဲပြင်း ထန်ပြီး လေကြောင်းတိုက်ခိုက်မှု များရှိကြောင်း၊ နှစ်ဖက်ထိခိုက် သေဆုံးမှုများလည်းရှိကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး တာ့အိုက်ကျော် က ပြောသည်။
‘‘မုံးကိုးနဲ့ ကြူကုတ် (ပန် ဆိုင်း)ကြား အဲဒီဘက်မှာ ဖြစ် တယ်။ ကွတ်ခိုင်ဘက်မှာလည်း မနက်က တစ်ကြိမ်ဖြစ်တယ်။ မူ ဆယ်နဲ့ နမ့်ဖက်ကာ ကြားလည်း ဖြစ်တယ် လမ်းမပေါ်။ အားလုံးစုစုပေါင်း အခုထိရတဲ့ သတင်းအရ တော့ ခုနစ်ရာလောက်ဖြစ်တယ်။ ပွဲပြင်းတာက မုံးကိုးဘက်မှာဖြစ် တယ်’’ဟု ၎င်းက ဆိုသည်။
KIA၊ TNLA၊ MNDAA လက်နက်ကိုင်များသည် မုံးကိုးနယ်မြေ အား တိုက်ခိုက်မှုကြောင့် စစ် ရှောင်ဒေသခံ ပြည်သူ ၁၀၀၀ ကျော်တို့သည် တရုတ်နိုင်ငံဘက် ခြမ်းသို့ ထွက်ပြေးတိမ်းရှောင် လျက်ရှိကြောင်း အစိုးရက သ တင်းထုတ်ပြန်ခဲ့သည်။
မူဆယ်ဒေသတစ်ဝိုက်တွင် လည်း နိုဝင်ဘာ ၂၀ ရက်မှစတင် ခဲ့သည့် တိုက်ပွဲများကြောင့် ဒေသ ခံအများအပြား စစ်ဘေးဒုက္ခကြုံ တွေ့ခဲ့ရပြီး မူဆယ်မြို့သို့ လာ ရောက်တိမ်းရှောင်သူ သုံးထောင် ကျော်ရှိခဲ့ရာ နယ်မြေပြန်လည် တည်ငြိမ်စပြုလာ၍ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ နေရပ်သို့ပြန် သွားရာ လက်ရှိတွင် ဒုက္ခသည် ၃၀၀ ကျော်သာရှိတော့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၂၀ ရက်မှ ၃၀ ရက်အထိ ရှမ်းပြည်နယ်အရှေ့မြောက် ဒေသအတွင်း KIA၊ TNLA နှင့် MNDAA တို့ ဝင်ရောက်တိုက်ခိုက် မှုကြောင့် ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ပြည်သူ့စစ်တစ် ဦး၊ အရပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ ဝန်ထမ်းနှစ်ဦး၊ အရပ်သား ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပြီး တပ်မတော်သားထိခိုက်သေဆုံးစာရင်းကိုမူ ဖော်ပြမထားပေ။
7 Day

No comments:

Post a Comment