Thursday, December 1, 2016

"ဒေါ်အောင်ဆန်းစုကြည်ကို စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း ကြိုဆိုတွေ့ဆုံ"

စင်ကာပူကို အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ  ၃၀ မှာ ဝန်ကြီးချုပ် လီက နိုင်ငံတော် အခမ်းအနားနဲ့ ကြိုဆိုဧည့်ခံခဲ့ပါတယ်။  စင်ကာပူ မီဒီယာတွေက မြန်မာအစိုးရရဲ့ အကြီးအကဲအဖြစ် တရားဝင် တာဝန်ယူပြီးနောက်ပိုင်း စင်ကာပူကို ပထမဆုံး လာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၅၀ ပြည့် ကာလနဲ့ တိုက်ဆိုင်နေတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံ အနောက်ပိုင်း ဘင်္ဂါလီ မျိုးနွယ်တွေရဲ့ ပြဿနာအပေါ် ကိုင်တွယ် ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ ဝေဖန်မှုတချို့  ခံနေရတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူကို ရောက်ရှိလာတြာ ဖစ်ပါတယ်။ ဒီကိစ္စကို တိတိကျကျ ညွှန်းဆိုတာမျိုး မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ စိန်ခေါ်မှုတွေ ကြုံနေရကြောင်း အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment