Thursday, December 1, 2016

ရန်ကုန်စည်ပင်နယ်နိမိတ်တွင် ကုန်သေတ္တာယာဉ်များဖြတ်သန်းမှုကိုည ၉ နာရီမှ နံနက် ၆ နာရီအတွင်းသာ ခွင့်ပြုတော့မည်

လာမည့် ဒီဇင်ဘာပထမပတ်မှစတင်ကာ ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းကုန် သေတ္တာတင်ယာဉ်များ ဖြတ်သန်း မှုကိုည ၉ နာရီမှ နံနက် ၆ နာရီ အတွင်းသာ ခွင့်ပြုတော့မည်ဖြစ် ကြောင်း သိရသည်။ ရန်ကုန်မြို့တော်အတွင်းယာဉ် ကြောကျပ်မှုကို ဖြေလျှော့နိုင်ရေးအ တွက် ကုန်သေတ္တာတင်ယာဉ်ကြီး များအား နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ညပိုင်းတွင်သာ သတ်မှတ်လမ်းအတိုင်းဖြတ်သန်းအသုံးပြုခွင့်ပြုရန်စီ စဉ်ခဲ့သော်လည်း အကြောင်းအမျိုး မျိုးကြောင့် ဒီဇင်ဘာသို့ရွှေ့ဆိုင်း သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်မှ တာဝန်ရှိသူတစ် ဦးက နိုဝင်ဘာ ၃၀ ရက်တွင် ဒီမို ကရေစီတူဒေးသို့ ပြောသည်။ ""ဒီဇင်ဘာ ၁ ရက်မှာတော့စပြီး မသတ်မှတ်သေးဘူး။တစ်ပတ်လောက် တော့ကြာဦးမှာဆိုတော့ ဒီဇင်ဘာ ပထမပတ်လောက်မှာ စတင်သတ် မှတ်ဖြစ်မယ်။ စတင်အကောင်အ ထည်ဖော်မယ့်ရက်ကိုအများ သိအောင် ကြေညာပေးသွားမယ်""ဟု ၎င်းင်းကပြော သည်။
ယင်းအစီ အစဉ်စတင်သည့် အချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိစက်မှု
ဇုန်များသို့ ကုန် သေတ္တာများသယ်ယူပို့ဆောင်နေ သည့် ကုန်သေတ္တာ
တင်ယာဉ်ကြီးများ အပါအ၀င် ရန်ကုန်တိုင်းအတွင်း သို့ လမ်းကြောင်း
အသီးသီးမှ ၀င် ရောက်လာမည့် ကုန်သေတ္တာတင်ယာဉ် များအနေဖြင့် နံနက်ပိုင်းတွင် တည် ဆောက်ထားပြီးဖြစ်သည့် အလုံနှင့် ဗိုလ်တထောင် ကုန်တင်ယာဉ်ရပ် နားစခန်းများ၌ ရပ်နားထားရမည်ဖြစ် ကြောင်း
သိရသည်။ညပိုင်းမှသာယင်းယာဉ်များအသုံးပြုရန်
သတ်မှတ်ပေးထားသည့်လမ်းများကိုအသုံးပြုခွင့်ပြုသွားမည်
ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့အ နေဖြင့် အများပြည်သူအများဆုံး သွားလာနေသည့်ယာဉ်သွားလမ်းများအသုံးပြုမှုအချိန်နှင့်ကုန်သေတ္တာတင်
ယာဉ်ကြီးများသယ်ယူပို့ဆောင်လျက်ရှိသည့်အချိန်နှင့်လမ်းကြောင်း များအား ခွဲခြားပါကအဆင်ပြေမှု ရှိ၊ မရှိနှင့် မည်သို့လုပ်ဆောင်နိုင် လျှင်ကောင်းမည်ဆိုသည်ကို စဉ်းစား ခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သို့ တာ ၀န်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ယင်းကုန်တင်ယာဉ်များသည်ရန်ကုန်မြို့တော်စည်ပင်လမ်းများ ပေါ်သွားလာနေသော်လည်း ကုန်တင်ယာဉ်ကြီးများ
၏လုပ်ငန်းရှင်များနှင့်ယင်းတို့နှင့်ဆက်နွယ်နေ သောဌာနဆိုင်ရာများနှင့်လည်းသက်ဆိုင်သည့်အတွက်ပူးပေါင်းညှိ နှိုင်းဆွေးနွေးခဲ့ကြသည်။ယင်းကုန်တင်ယာဉ်များသည်ရန်ကုန်တိုင်းအတွင်းရှိလှိုင်သာယာစက်မှုဇုန်၊ ရွှေလင်ပန်းစက်မှုဇုန်၊ တောင်ဥက္ကလာပစက်မှုဇုန်၊ ရွှေပြည် သာစက်မှုဇုန်၊မင်္ဂလာဒုံစက်ရုံများ၊
တောင်ဒဂုံစက်ရုံများ၊ ဒဂုံဆိပ်ကမ်း စက်ရုံများ၊ စော်ဘွားကြီးကုန်း၊ စက် ဆန်းလမ်းရှိ ဂိုဒေါင်များနှင့်သိုလှောင်ရုံများသို့ကုန်ပစ္စည်းများကို သယ်ယူ
ပို့ဆောင်နေခြင်းဖြစ်သည်။
TTMT

No comments:

Post a Comment