Friday, December 2, 2016

ကြည့်မြင်တိုင်မြို့နယ်တွင် မွေးကင်းစကလေးအလောင်း လာရောက်စွန့်ပစ်

ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းနှင့် ဌာနလမ်းထိပ် တွင် ထားရှိသည့် စည်ပင်အမှိုက် ပုံးအတွင်း မွေးကင်းစကလေးငယ် အလောင်း လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။ လာရောက် စွန့်ပစ်ခဲ့သည့် မွေးကင်းစ ကလေးငယ်သည် ယောက်ျားလေးဖြစ်ပြီး စတင်တွေ့ရှိချိန်တွင် အသက်မရှိတော့ ကြောင်း ကြည့်မြင်တိုင်ရဲစခန်းမှ အရာရှိတစ်ဦးကပြောသည်။ ‘‘စတွေ့တာတော့ စည်ပင် က အမှိုက်သိမ်းတဲ့ အမျိုးသမီးက စတွေ့တာပါ။ အကြောင်းကြား တော့ သွားကြည့်ချိန်မှာ အသက်မရှိတော့ဘူး။ ချက်ကြိုးတန်းလန်း လေးနဲ့ ခြေလက်အင်္ဂါအပြည့်အစုံ ပါပါတယ်။ ဘယ်သူလာပစ်တာ လဲဆိုတာတော့မသိရသေးပါဘူး’’ဟု ၎င်းရဲအရာရှိက ပြောကြား သည်။



မွေးကင်းစ ကလေးငယ်အ လောင်းကို ဒီဇင်ဘာ ၁ ရက် နေ့လယ် ၂ နာရီကျော်တွင် စတင်တွေ့ရှိခဲ့ပြီး ရန်ကုန်တိုင်းအတွင်း ကလေးစွန့်ပစ်မှု၌ သေဆုံးနေ သည့် ကလေးငယ်များ လာရောက်စွန့်ပစ်မှုများရှိသကဲ့သို့ အသက်ရှင်လျက် လာရောက်စွန့်ပစ်မှုများလည်းရှိကြောင်း ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦးကပြောကြားသည်။

‘‘ရန်ကုန်မှာက လူတွေအ ရမ်းများပြီး တိုက်တွေနဲ့နေတော့ ဘယ်သူက၊ ဘယ်ကမှန်း သိဖို့မ လွယ်ဘူး ကလေးလာပစ်တဲ့အမှု တွေလည်း ရှိပေမယ့် မဖော်နိုင် ဘူး။ နယ်မှာကတော့လွယ်တယ်။ ကိုယ်ဝန်ဆောင် ဘယ်မြို့မှာရှိလဲ မေးလိုက်ရင်သိတယ်။ ကျွန်တော်တို့တွေ ကယ်ခဲ့ဖူးတဲ့ ကလေးတွေ လည်း မနည်းပါဘူး’’ဟု ၎င်းရဲ အရာရှိက ပြောကြားသည်။

ကလေးငယ်အလောင်း လာရောက်စွန့်ပစ်သူကို လိုက်လံရှာဖွေနေပြီး စစ်ဆေးရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အလောင်းကို ပို့ဆောင်ထားကာ ရာဇသတ်ကြီးပုဒ်မ ၃၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။ ဖိုးတုတ်

No comments:

Post a Comment