Thursday, December 1, 2016

ချောင်းကြီး သုံးထပ်ကွေ့တွင် ၁၀ ဘီး ကားတစီး ချောက်ထဲထိုးကျ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိကျင်းမြို့နယ် ချောင်းကြီး သုံးထပ်ကွေ့ ဝံပုတ်တောင်အဆင်းလမ်းတွင် ကုန်မျာတင်ဆောင်လာသော (၁၀)ဘီးကားတစီး ဒီဇင်ဘာလ ၁ နေ့ နံနက် ၈ နာရီအချိန်က ချောက်ထဲကျနေသည်ကိုတွေ့ရသည်။ " ကားကတော့ ၁၀ ဘီးကားကြီးပါ။ ကားအမှတ် ၉က/၉၀၃၈ ကုန်တင်ပြီး အထက်ပိုင်းက ဆင်းလာပုံပေါ်တယ်။ မန္တလေအဆင်း ဒီကွေ့မှာ ရှေ့ဘီးပေါက်ပြီး ဆွဲချသွားတာလို့ ပြောသံကြားတယ်။ ကားသမားတွေ ထိခိုက်မှု အသေအပျောက်တော့မရှိဘူ။ အဲဒီနားက ခဏခဏဖြစ်တက်တဲ့နေရ။ ကွေ့အဆင်းလည်းဖြစ်တယ်"ဟု ဒေသခံတဦးကပြောသည်။ စိုင်းထူးခန့်

No comments:

Post a Comment