Friday, December 2, 2016

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး မြန်မာနှင့် ကစားရမည့် အသက် ၂၂ နှစ်အောက် ဘောလုံးပွဲစဉ်နှစ်ပွဲကို မလေးရှားဘက်မှ ဖျက်သိမ်း

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်ဆလင် လူမျိုးစုများအရေးနှင့် ပတ်သက်ပြီး မလေးရှား အမျိုးသား ဘောလုံးအသင်း အနေဖြင့် မြန်မာအသင်းနှင့် ကန်ရမည့် အသက် ၂၂ အောက် မြန်မာနှင့် ချစ်ကြည်ရေး ဘောလုံးပွဲ စဉ် နှစ်ခုအား ဖျက်သိမ်းလိုက်ကြောင်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ (ဒီဇင်ဘာ ၁ ရက်)တွင် ပြောကြောင်း ရိုက်တာ၏ သတင်းဖော်ပြချက်အရ သိရသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိ မွတ်ဆလင်များအား မြန်မာအစိုးရ လုံခြုံရေးတပ်များက ၄င်းတို့နေထိုင်ရာ ကျေးရွာမှ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေရှ်သို့ ရွှေ့ပြောင်းခိုင်းခြင်းများ ရှိနေသည့်ဆိုသည့်ကိစ္စ အပေါ် မလေးရှားနိုင်ငံ အနေဖြင့် မြင့်မားလာကြောင်း ဆိုထားသည်။ ဖျက်သိမ်းလိုက်သည့် ဘောလုံးပွဲစဉ်နှစ်ခု ယခုလ နောက်ဆုံးအပတ် တွင် ကစားဖို့ရန် လျာထားခြင်းဖြစ်သည်။ ဘောလုံးပွဲ ဖျက်သိမ်းခြင်းနှင့် ပတ်သက်ပြီး အသင်း၏ ပြောခွင့်ရပုဂ္ဂိုလ်က “မွတ်ဆလင် အရေး ကိစ္စကြောင့် ဒီကိစ္စအပေါ် နိုင်ငံရေး သဘောထားအရ ဆုံးဖြတ်ချက် ချတာ ဖြစ် တယ်”ဟု ပြောသည်။


ယခုကိစ္စသည် ထိလွယ်ရှလွယ် ကိစ္စဖြစ်သည့်အတွက် ၄င်းအမည်နှင့် တာဝန်ကို ဖော်ပြရန် ငြင်းဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။

အမျိုးသား ဘောလုံးအသင်း Harimau Malaysia ၏ ဗုဒ္ဓဟူးနေ့တွင် တွစ်တာပေါ်၌ ရေးတင်ထားသည့် စကားစုတစ်ခုတွင် “နိုင်ငံတကာ ပွဲစဉ်တွေဖြစ်တဲ့ ဒီဇင်ဘာ ၉ ရက်နှင့် ၁၂ ရက်တွင် ကျင်းပရန် စီစဉ်
ထားသည့် အသက် ၂၂ နှစ်အောက် မလေးရှား မြန်မာပွဲစဉ်ကို ပယ်ဖျက်လိုက်သည်” ဟု ရေးသားထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် နိုဝင်ဘာလက ကျင်းပခဲ့သည့် ဒေသတွင်း အာဆီယံ ဘောလုံး အားကစားပြိုင်ပွဲနှင့် ပတ်သက်ပြီး မြန်မာအသင်းနှင့်
ကန်မည့် ပွဲစဉ်တွင် လူလိမ်ညာ အရေး ကိစ္စနှင့်ပတ်သက်၍ ( မူလ သတင်းဖော်ပြချက် အတိုင်း) ပြိုင်ပွဲမှ နုတ်ထွက်ရန် ရည်ရွယ်ထား ခဲ့သော်လည်း မလေးရှား အားကစားဝန်ကြီးချုပ်က အဆိုပါအစီ
အစဉ်ကို မလုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟု ရိုက်တာက ဖော်ပြထားသည်။

“မွတ်ဆလင် အသိုင်းအ၀ိုင်း အရေးကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို အရှေ့တောင်အာရှ နိုင်ငံအသင်းဝင်အဖြစ်မှ ပြန်လည်သုံးသပ်ဖို့ လိုအပ်လာပြီ” ဟု မလေးရှားနိုင်ငံ အားကစာဝန်ကြီး Khairy Jamaluddin က နိုဝင်ဘာ ၃၀ ရက်တွင် ပြောသည်။

မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇက် ကလည်း တနင်္ဂနွေတွင် မလေးရှားနိုင်ငံတွင် ကျင်းပမည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်ဆလင် အသိုင်းအ၀ိုင်းနှင့် သက်ဆိုင်သည့် လူထုအစည်းအဝေးကို တက်ရောက်ရန်ရှိကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။
The Ladies News

No comments:

Post a Comment