Thursday, December 1, 2016

တက္ကသိုလ်ဝင်တန်းအတန်းတင်အကြိုစာမေးပွဲတွင်ဘာသာရပ်သုံးခုအထက် ကျရှုံးပါက ခုံနံပါတ်ထုတ်မပေးရန် ညွှန်ကြားထားခြင်းမရှိဟုဆို

ဒီဇင်ဘာ လတွင်ဖြေဆိုမည့် အတန်းတင်စာ မေးပွဲအကြိုစာမေးပွဲ၌ တက္ကသိုလ် ၀င်တန်းဘာသာရပ်သုံးခုအထက် ကျ ရှုံးပါက ခုံနံပါတ်များ ထုတ်မပေးရန် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေး မှူးရုံးများနှင့် အခြေခံပညာကျောင်း များကို အခြေခံပညာဦးစီးဌာနမှ ညွှန် ကြားထားခြင်းမရှိကြောင်း သိရသည်။ ""အဲဒီလိုမရှိပါဘူး။ ရုံးချုပ်က လည်း ညွှန်ကြားထားတာမျိုးမရှိပါ ဘူး။ အခုကအောင်ချက်မြင့်မားရေး၊ စာမေးပွဲကြောင့် ကျောင်းသား၊ ကျောင်း သူတွေကျောင်းမထွက်သွားရေးတို့ ကို ဦးတည်ဆောင်ရွက်နေတာ၊ အဲဒီ လိုအခြေအနေမျိုးတွေကို လက်မ ခံပါဘူး။ ရှိလာရင်လည်း အရေးယူ သွားမှာပါ""ဟု အခြေခံပညာဦးစီး ဌာနမှ အရာရှိတစ်ဦးက နိုဝင်ဘာ ၃၀ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။

အခြေခံပညာအသိုင်းအ၀ိုင်း တွင် ဒီဇင်ဘာလ၌ဖြေဆိုမည့်အ တန်းတင်စာမေးပွဲအကြိုစာမေးပွဲ၌ ဘာသာရပ်သုံးခုအထက်ကျရှုံးသော သူများအားတက္ကသိုလ်ဝင်တန်းစာ မေးပွဲတွင် အသုံးပြုရမည့်ခုံနံပါတ် ကို ထုတ်မပေးရန်အတွက် ကျောင်း အချို့ကပြုလုပ်နေကြောင်း၊ ယင်းကဲ့
သို့ပြုလုပ်ခြင်းများကို အခြေခံပညာဦးစီးဌာနမှကြပ်မတ်ဆောင်
ရွက်ရန် ထောက်ပြပြောဆိုမှုများရှိသည့်အ တွက် အခြေခံပညာဦးစီးဌာနသို့ ယင်း ကိစ္စကို ညွှန်ကြားဆောင်ရွက်ထားခြင်း ရှိ၊ မရှိဆက်သွယ်မေးမြန်းရာ ယင်း ကဲ့သို့ ခုံနံပါတ်ထုတ်မပေးရန် ညွှန် ကြားခြင်းမရှိကြောင်း၊ တက္ကသိုလ် ၀င်တန်းစာမေးပွဲဖြေဆိုရန် ဖြေဆို ခွင့်လျှောက်ထားသော
ကျောင်းသား၊ ကျောင်းသူတစ်ဦးကို စာမေးပွဲကျရှုံး သည့်အတွက် ခုံနံပါတ်ထုတ်မပေး ခြင်းသည် ဌာနမှပြဋ္ဌာန်းသတ်မှတ် ထားခြင်းမရှိဘဲ ယင်းကဲ့သို့ ထုတ် မပေးခြင်းသည် ဌာနဆိုင်ရာစည်းမျဉ်း စည်းကမ်းနှင့်လည်း မညီညွတ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရ သည်။
""ကျွန်တော်တို့ဆီကို အဲဒီလို လုပ်ဖို့ ရုံးချုပ်က ညွှန်ကြားထားတာ မျိုး မရှိပါဘူး။ ဒီလိုလုပ်တာကလည်း တရားမ၀င်ပါဘူး။ ဌာနဆိုင်ရာစည်း မျဉ်းစည်းကမ်းနဲ့လည်း မညီညွတ် ပါဘူး။ ဒီလိုသတင်းတွေထွက်တယ် ဆိုတာက ကျောင်းအုပ်တွေက မသိ ဘဲ လျှောက်လုပ်ကြတာလို့ထင်တယ်"" ဟု မကွေးတိုင်းဒေသကြီးပညာရေး မှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော် အေးက ပြောကြားသည်။အခြေခံပညာအတန်းများ၏အတန်းတင်စာမေးပွဲအကြိုစာမေး ပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီး၌ ဒီဇင်ဘာလ ဒုတိယပတ် မှ စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ATK

No comments:

Post a Comment