Thursday, December 1, 2016

အာဆင်နယ်ကို အနိုင်ယူပြီး ဆောက်သမ်တန် လိဂ်ဖလား ဆီမီးတက်

နိုဝင်ဘာ ၃၀ ရက်က ယှဉ်ပြိုင်တဲ့ အာဆင်နယ်နဲ့ ဆောက်သမ်တန်တို့ရဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဆောက်သမ်တန်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ ဒါဟာ ဆောက်သမ်တန်အသင်းအတွက် ၁၉၈၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လိဂ်ဖလားဆီမီးကို တက်ရောက်တာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အသာစီးရခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးကိုတော့ သွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ေ ဆာက်သမ်တန်ကတော့ ရတဲ့အခွင့်အရေးကို အပိုင်အသုံးချနိုင်ခဲ့တဲ့အတွက် လိုအပ်တဲ့ အောင်ပွဲကို ရယူနိုင်ခဲ့တာပါ။ေ ဆာက်သမ်တန်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၃ မိနစ်မှာ ကလပ်စီနဲ့ ၃၈ မိနစ်မှာ ဘာထရန်တို့က သွင်းယူပေးခဲ့ပါတယ်။

No comments:

Post a Comment