Thursday, December 1, 2016

မူဆယ်-ကြယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဂိတ်ပုံမှန်ဖွင့်ထားသော်လည်း တိုက်ပွဲများကြောင့် မြန်မာဘက်မှ သွင်းကုန်ယခင်ထက်သုံးပုံတစ်ပုံကျဆင်း

တိုက်ပွဲများ ကြောင့် မူဆယ်-ကြယ်ဂေါင်နယ် စပ်ကုန်သွယ်ရေးစခန်း မှတစ်ဆင့် မြန်မာဘက်မှ တရုတ်နိုင်ငံဘက်သို့ သွင်းကုန်များသုံးပုံတစ်ပုံ လျော့ကျ သွားကြောင်း သိရသည်။ယင်းအပြင် နှစ်နိုင်ငံမူဆယ်-ကြယ်ဂေါင်အ၀င်အထွက်ဂိတ်များကို ပုံမှန်အတိုင်းဖွင့်လှစ်ပေးထားသော် လည်း လူနှင့်ကားအ၀င်အထွက်များ လည်း ယခင်ထက်လျော့ကျသွား ကြောင်း ရွှေလီမြို့နယ်၊ ကြယ်ဂေါင် နယ်စပ်ကုန်သွယ်ရေးဇုန်ရင်းနှီးမြှုပ်
နှံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန ဒုတိယဌာနမှူး Mr. Li Ling က နိုဝင် ဘာ ၃၀ ရက်ကပြောသည်။
""အရင်ကတစ်ရက်ကို အ၀င်အ ထွက် လူဦးရေ ၃၆၀ ကျော်လောက် ပုံမှန်ဝင်တယ်။ ကားဖြတ်သန်းတာ ကတော့ တစ်သောင်း တစ်ထောင်နီး ပါးရှိပါတယ်။ အခုတိုက်ပွဲဖြစ်နေတော့ အ၀င်အထွက် နည်းသွားတယ်။ သုံးပုံ တစ်ပုံအထက်လျော့ကျလာတယ်။ ဒုက္ခသည်အ၀င်အထွက်တွေလည်း ရှိတယ်။ သူတို့ကိုအမျိုးရှိရင် အမျိုး အိမ်တွေကိုပို့ပေးတယ်၊ မရှိရင်ဝမ်တိန် က စစ်ဘေးရှောင်စခန်းတွေကိုပို့ပေး တယ်။
ဂိတ်တွေကပိတ်ထားတာလုံးဝ မရှိဘူး။ ကျွန်တော်တို့ဘက်အခြမ်းက ဂိတ်တွေကို ပုံမှန်အတိုင်း နံနက် ၈ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်ပေး ထားတယ်။ ကုန်သွယ်မှုနဲ့ပတ်သက် ပြီး တရုတ်ဘက်က ထွက်ကုန်တွေက
တော့ တိုးလာတာတွေရှိတယ်။ မြန်မာ ဘက်က သွင်းကုန်တွေကတော့ အရင် ကထက်လျော့ကျသွားတယ်။ အားလုံး ခြုံပြီးပြောရင် ကျွန်တော်တို့ဂိတ်ရဲ့ နှစ်နိုင်ငံကုန်သွယ်ရေးက မြန်မာဘက် ကသွင်းကုန်က သုံးပုံတစ်ပုံလျော့ ကျသွားတယ်""ဟု ရွှေလီမြို့နယ်၊ ကြယ်ဂေါင်နယ်စပ် ကုန်သွယ်ရေးဇုန် ရင်းနှီးမြှုပ်နှံရေးနှင့်ပူးပေါင်းဆောင် ရွက်ရေးဌာန ဒုတိယဌာနမှူး Mr. Li Ling ကပြောသည်။
ယင်း၏ပြောပြချက်အရ ဇန်န ၀ါရီလမှ အောက်တိုဘာလအထိ ရွှေ လီနယ်စပ်ဂိတ်စခန်း (ကြယ်ဂေါင်ကုန် သွယ်ရေးစခန်း) မှ သွင်းကုန်၊ ထွက် ကုန်ပမာဏသည်၊ ယွမ်ငွေ ၂၃ ဒသမ ၅၄ ဘီလီယံရှိခဲ့ကြောင်း၊ သို့သော် လက်ရှိအချိန်တွင် ၄ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လျက် ရှိနေပြီး ယင်းသို့တိုးတက်နေသည်မှာ တရုတ်ဘက်မှ မြန်မာဘက်သို့ သွင်းသည့် ကုန်ပမာဏတိုးတက်မူရှိနေခြင်းကြောင့်ဖြစ်ကာ၊ မြန်မာ ဘက်မှ
သွင်းကုန်ပမာဏသည် နည်းလာပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ မှ အောက်တိုဘာလအထိ သွင်းကုန်ပမာဏယွမ်ငွေ ၈ ဒသမ ၅ ဘီလီ ယံဖိုးရှိခဲ့ရာမှ လက်ရှိအချိန်တွင် လျော့ကျလာကြောင်း ယင်းကြောင့် အားလုံးခြုံပြောမည်ဆိုပါက သွင်းကုန်ထုတ်ကုန်ပမာဏသည် သုံးပုံ တစ်ပုံလျော့ကျလာကြောင်း ရွှေလီမြို့နယ်၊ ကြယ်ဂေါင်နယ်စပ်ကုန် သွယ်ရေး
ဇုန်ရင်းနှီးမြှုပ်နှံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန ဒုတိယ ဌာနမှူး Mr. Li Ling က ပြောသည်။
တရုတ်-မြန်မာနှစ်နိုင်ငံအနေဖြင့် မူဆယ်-ကြယ်ဂေါင်နယ်စပ်ကုန် သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်ဘက်မှ မြန်မာဘက်သို့ တင်ပို့ရောင်း ချသည့်ကုန်စည်များမှာ စားသောက်ကုန်ပစ္စည်းများ၊ စက်ကိရိယာ ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊သစ်သီးဝလံများအစရှိသည်တို့ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့တင်ပို့ရောင်းချသည့် ကုန်စည် များသည် လယ်ယာထွက်
ကုန်များဖြစ်ကြောင်း လက်ရှိစစ်ပွဲတွေကြောင့် မြန်မာဘက်မှ ကုန်စည်များ
သိသိသာသာလျော့ကြလာခြင်းဖြစ်ကြောင်း ရွှေလီမြို့နယ်၊ ကြယ်ဂေါင်
နယ်စပ်ကုန်သွယ်ရေးဇုန်ရင်းနှီးမြှုပ်နှံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာနမှ သိရသည်။
လက်ရှိမြန်မာနိုင်ငံ၌လည်း နိုဝင်ဘာ ၂၀ ရက်မှစ၍KIA၊ TNLA၊ MNDAA အဖွဲ့တို့ ပူးပေါင်းထားသည့် မြန်မာပြည်မြောက်ပိုင်းမဟာ မိတ်တပ်ပေါင်းစု
များနှင့် တပ်မတော်တို့အကြားတိုက်ပွဲများသည် လက်ရှိ အချိန်အထိဖြစ်
ပွားနေဆဲဖြစ်ပြီးစစ်ဘေးရှောင်ပြည်သူသောင်းချီရှိနေ ပြီဖြစ်ကာ၊
ကုန်သွယ်မှုများလည်းလျော့ကြလာခြင်းဖြစ်သည်။
ZCH

No comments:

Post a Comment