Thursday, December 1, 2016

ထိုင်းအိမ်ရှေ့စံက နန်းတက်ရန် ပြည်တော်ပြန်လာ

ထိုင်းအိမ်ရှေ့စံ မင်းသား ဝဇီရာလောင်ကွန်းသည် ခမည်းတော် ထိုင်းဘုရင်ကြီး ဘူမိဘေ အဒူရာဒတ်ခ်ျ နတ်ရွာစံပြီးနောက် ပါလီမန်က နန်းတင်ရန် ဖိတ်ကြားခဲ့သည့်အတွက် ထိုင်းနိုင်ငံသို့ ကြာသပတေးနေ့တွင် ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ မင်းသားသည် ဘုရင်ကြီး နတ်ရွာစံပြီး ရက် ၅၀ အထိမ်းအမှတ် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအရ ဆွမ်းသွတ်ပွဲပြီးနောက် ပါလီမန်ဥက္ကဌ ပွန်ပတ်ခ်ျ ဝီချစ်ချိုလ်ချိုင်းနှင့် ကြာသပတေးနေ့ ညနေတွင် တွေ့ဆုံမည်ဖြစ်သည်။ ထို့နောက် ထီးနန်းအရိုက်အရာကိုဆက်ခံရန် ပါလီမန်၏ ဖိတ်ကြားချက်ကို တရားဝင်လက်ခံမည်ဟု မျှော်လင့်ရသည်။ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် တော်ဝင်အကြံပေးကောင်စီ အကြီးအကဲဟောင်း ပရမ် တင်ဆူလန်ဒါ တို့ပါ တက်ရောက်မည်ဟု နန်းတော်က သတင်းထုတ်ပြန်သည်။ မင်းသားသည် ဂျာမနီနိုင်ငံမှ ဘန်ကောက်သို့ ပြန်ရောက်လာခဲ့ပြီဖြစ်ကြောင်း အကြီးတန်းစစ်တပ်တာဝန်ရှိသူ နှစ်ဦးကပြောသည်။ "မင်းသားဟာ ဒီကနေ့မနက်မှာပဲ ဘေးအန္တရာယ်ကင်းစွာနဲ့ ပြန်ရောက်လာပြီလို့ အတည်ပြုနိုင်ပါတယ်" ဟု နာမည်မဖော်လိုသော အကြီးတန်းစစ်တပ်တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ သက်တမ်း ၂၃၄ နှစ်ရှိ ချက်ကရီနန်းဆက်၏ ၁ဝ ဦးမြောက်ဘုရင် ရာမ ၁၀ အဖြစ် ပါလီမန်ထံမှ ဖိတ်ကြားချက်ကို အတည်ပြုလက်ခံရယူမည်ဖြစ်သည်။ Ref:Reuters

No comments:

Post a Comment