Thursday, December 1, 2016

မင်းကွန်းရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များလေ့လာရန် နိုင်ငံခြားသား တစ်နေ့တာဝင်ရောက်မှုမြင့်တက်လာ

စစ်ကိုင်း မြို့မင်းကွန်းရှေးဟောင်းဒေသသို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် များလေ့လာရန်နှင့်အပျော်စီးခရီး တစ်ခုအဖြစ် ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားများပါ လာ ရောက်လည်ပတ်လျက်ရှိရာ ၂၀၁၆ ခုနှစ် အောက်တိုဘာလနောက်ဆုံး ပတ်မှစတင်၍ နိုင်ငံခြားသားခရီးသွားတစ်နေ့တာ ၀င်ရောက်မှုသည် ယခင်နှစ်ထက် အနည်းငယ်မြင့်တက် လာကြောင်း သိရသည်။ ""မင်းကွန်းကို နိုင်ငံခြားသား တွေက မရမ်းခြံဆိပ်ကနေ သင်္ဘော စီးပြီး အဓိကလာကြတာများတယ်။ လက်ရှိအစိုးရတက်ပြီးနောက်ပိုင်း
နိုင်ငံခြားသားဝင်ရောက်မှု ယခင် နှစ်တွေထက် အနည်းငယ်ပိုများလာ တယ်။ အာရှနဲ့ဥရောပနိုင်ငံတွေက ဧည့်သည်တွေများတယ်""ဟု မန္တလေး မြို့မရမ်းခြံဆိပ်ကမ်းရှိ နိုင်ငံခြားသား ခရီးသည်ပို့ဆောင်ရေး ရေယာဉ်အ သင်းမှ ဂိတ်မှူးဦးခင်မောင်အေးက ပြောသည်။

မင်းကွန်းရှေးဟောင်းဒေသသို့ ပြည်တွင်းခရီးသွားများမှာ ကား၊ ဆိုင်ကယ်များဖြင့် သွားရောက်လည် ပတ်ကြပြီး နိုင်ငံခြားသား ခရီးသွား များက မန္တလေး-မင်းကွန်းသင်္ဘော များဖြင့် သွားရောက်လည်ပတ်ကြကာ မင်းကွန်းရှေးဟောင်းဒေသသို့ နိုင်ငံ ခြားသား ဧည့်သည်ဝင်ရောက်မှုသည် ယခင်နှစ်က တစ်ရက်လျှင် ၁၅၀ မှ ၂၅၀ ကြားရှိခဲ့သော်လည်း ယခုနှစ် တွင် တစ်ရက်လျှင် ၂၅၀ မှ ၃၅၀ ကြား ရှိလာခဲ့ကြောင်း နိုင်ငံခြားသားခရီး သည်ပို့ဆောင်ရေးရေယာဉ်အသင်း စာရင်းများအရ သိရသည်။
""မင်းကွန်းကို နိုင်ငံခြားသား ဧည့်သည်တွေဝင်ရောက်မှုတိုးလာ တာ ၀မ်းသာစရာတစ်ခုပါ။ ဒါပေမဲ့ မင်းကွန်းလှေဆိပ်ရောက်ရင် ဆင်း ရတဲ့နေရာက အဆင်မပြေဘူး။ တချို့နိုင်ငံခြားသားတွေခြေချော်ကျ ပြီး ထိခိုက်ဒဏ်ရာရကြတယ်။ တချို့ နိုင်ငံခြားသားတွေက မဆင်းရဲကြ လို့ လှည့်ပြန်သွားတာတွေရှိတယ်။ နိုင်ငံခြားသားဝင်ရောက်မှုကို အ ခွန်ကောက်ခံထားသလို သူတို့လည်ပတ်တဲ့နေရာတွေ
ကိုလည်း ပြုလုပ် ပေးစေချင်ပါတယ်။ ပျက်စီးယိုယွင်း နေတဲ့အရာတွေကို
ပြုပြင်ပေးလာ ရင် အခုထိ သိသိသာသာဝင်ရောက် မှုတိုးလာမှာ
ပါ""ဟု နိုင်ငံခြားသား ဧည့်လမ်းညွှန်ကိုဇေကပြောသည်။
နိုင်ငံခြားသားခရီးသွားစိတ်ဝင် စားမှုမြင့်တက်လာသည့် မင်းကွန်း
ရှေးဟောင်းဒေသတွင်သာမက နိုင်ငံခြားသားများ သွားလာလည် ပတ်နေသော နေရာများတွင် နိုင်ငံတကာအဆင့်မီအိမ်သာများတည်
ဆောက်ပေးခြင်း၊ အင်္ဂလိပ်ဘာသာ ဖြင့် လမ်းညွှန်ဆိုင်းဘုတ်၊ မြေပုံများ ထားပေးခြင်း စသောလိုအပ်ချက်များ ကို ပြုလုပ်ပေးနိုင်မှသာ လာမည့်နှစ် ခရီးသွားရာသီများတွင် နိုင်ငံခြားသား ခရီးဝင်ရောက်မှု ဆက်လက်မြင့် တက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
AXE

No comments:

Post a Comment