Thursday, December 1, 2016

နေ့စဉ် လက်ဖက်ရည်တခွက် လျှော့သောက်ကြရန် ပြည်ထောင်စုဝန်ကြီး ပြော

နိုင်ငံတော်ကရတဲ့ ဘတ်ဂျတ်ဟာလုံလောက်မှုမရှိတဲ့အတွက် ဘတ်ဂျတ်မချပေးနိုင်တဲ့နေရာတွေကို ကူညီနိုင်ဖို့ နေ့စဉ်နေ့တိုင်း လက်ဖက်ရည်တခွက် လျှော့သောက်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဒီဇင်ဘာ (၁)ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာပြောဆိုလိုက်ပါတယ်။ တနေ့ လက်ဖက်ရည်တခွက် လျှော့သောက်ပြီး ထည့်ဝင်ခြင်းဖြင့် မျှဝေလုပ်ဆောင်မှာဖြစ်တဲ့အတွက် မျှဝေခြင်းအစီအစဉ်လို့ အမည်ပေးထားပြီး မကြာမီကာလအတွင်း သူရဲ့ဝန်ကြီးဌာနကနေစတင်အကောင် အထည်ဖော်မယ် လို့ပြောပါတယ်။



ရှမ်းပြည်နယ်၊ မောက်မယ် မဲဆန္ဒနယ်က ဦးစိုင်းငေါင်းဆိုင်ဟိန်းမေးမြန်းတဲ့
စဥ့်ဝင်ကျေးရွာအုပ်စု၊ နမ့်ယွန်းချောင်းကူး သစ်သားတံတားကြီး ပြန်လည်ပြုပြင် ကူညီဆောင်ရွက်နိုင်ရေးနဲ့ ပတ်သက်တဲ့မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ပြောဆိုလိုက်တာပါ။ ဒေါက်တာအောင်သူဟာ သချာင်္ပါမောက္ခ တယောက်ဖြစ်ပြီး ၂၀၁၄ခုနှစ်ကနေ ၂၀၁၅အထိ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းးဖြစ်ပါတယ်။
ဒေါက်တာအောင်သူဟာ ပြီး ၂၁၀၅အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၆)မဲဆန္ဒနယ်ကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အန်အယ်လ်ဒီအစိုးရ လက်ထက်မှာ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရသူလည်းဖြစ်ပါတယ်။

သတင်း – ကျော်ဇေယျာဝင်း

No comments:

Post a Comment