Thursday, December 1, 2016

တပ်မတော်က ရခိုင် မြို့နယ် ၇ ခုတွင် စပါးဝယ်မည်

မြန်မာတပ်မတော်မှ ရခိုင်ပြည်နယ်မှ မြို့နယ် ၇ မြို့နယ်တွင် ယခုနှစ် စပါးရာသီတွင် ဧည့်မထအမျိုးအစား စပါးများကို ၀ယ်ယူသွားမည်ဟု သိရသည်။ ၀ယ်ယူမည့် မြို့နယ်များမှာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်ဖြူ၊ တောင်ကုတ် မြို့နယ်တို့ ဖြစ်ကြပြီး ဒီဇင်ဘာ ၂၁ နေ့မှ စတင်ကာ တင်ဒါစနစ်ဖြင့် ၀ယ်ယူသွားမည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။ စပါးစိုက်ပျိုးသူ တောင်သူများ အနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ တင်း(၁၀၀) အထက်ကို ရောင်းချနိုင်ပြီး ဒေသန္တရ ပေါက်ဈေးအတိုင်း လက်ငင်းပေးချေ စနစ်ဖြင့် ၀ယ်ယူသွားမည်ဟု သိရသည်။ Narinjara

No comments:

Post a Comment