Thursday, December 1, 2016

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏Foreign Affairs Office of the People's Government of Yunnan Province မှ Director-General Mr.Wang Wei နှင့် တွေ့ဆုံမေးမြန်းခြင်း

နိုဝင်ဘာ ၂၀ ရက်မှစ၍ ယနေ့ထိဖြစ်ပေါ်နေသည့်တိုက်ပွဲများနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် စစ်ဘေးရှောင်ပြည်သူများကို ခိုလှုံခွင့်ပေးထားခြင်းနှင့်ေ ထာက်ပံ့မှု ပေးထားခြင်းများအပေါ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ Foreign Affairs Office of the People's Government of Yunnan Province မှ Deputy Director-General Mr.Wang Wei နှင့် နိုဝင်ဘာ ၂၉ ရက် မွန်းတည့် ၁၂ နာရီတွင် ကူမင်းမြို့World Trade Center၌တွေ့ ဆုံစဉ် မြန်မာမီဒီယာအဖွဲ့မှ မေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြ ပေးလိုက်
ပါသည်။ ဇာခြည်လှိုင် စုစည်းသည်။
မေး - နိုဝင်ဘာ ၂၀ ရက်ကစပြီး အခုအချိန်အထိဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် တရုတ် ဘက်ကိုစစ်ဘေးရှောင်အဖြစ်ဝင်လာတဲ့ မြန်မာဒုက္ခသည်ဘယ်လောက်ရှိပါပြီလဲ။
ဖြေ - စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း အခု အချိန်ထိဆို လူဦးရေ ၁၄၀၀၀ ကျော်ပါပြီ။
မေး - လက်ရှိစစ်ဘေးရှောင်တွေကို ဘယ် လိုနေရာတွေမှာထားပြီး ဘယ်လိုကူညီ ထောက်ပံ့ပေးနေပါသလဲ။

ဖြေ - နယ်စပ်ဒေသမှာ စစ်ဘေးရှောင်စခန်း တွေမှာ ထောက်ပံ့နေပါတယ်။ အခုမီဒီယာခရီး စဉ်မှာတွေ့နိုင်မှာပါ။တချို့ဒုက္ခသည်တွေကျ တော့
သူတို့တရုတ်ဘက်ကရှိတဲ့ ဆွေမျိုးတွေ ဆီကိုသွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တရုတ် အစိုးရကျတော့ ဒီလိုမျိုးဒုက္ခသည်တွေအတွက် ဆန်၊ ဆီတို့ထောက်ပံ့ပါတယ်။ ကျန်တဲ့ဒုက္ခ သည်တွေကို အဓိကကတော့ မန်စီနဲ့ ၀မ်တိန် မှာထားပါတယ်။
တတိယအနေနဲ့ကတော့မူဆယ်မှာရှိတဲ့ဒုက္ခသည်စခန်းတွေမှာလည်း တည်းခိုနေပါတယ်။ ကျွန်တော်တို့က မူဆယ် အာဏာပိုင်တွေရဲ့တောင်းဆိုချက်အရ မူဆယ်ကစစ်ဘေးရှောင်စခန်းတွေကိုလည်းအထောက်အကူပစ္စည်းတွေ
ထောက်ပံ့ခဲ့ပါ တယ်။
မေး - မြန်မာစစ်ဘေးရှောင်တွေကို အချိန် ဘယ်လောက်ကြာခေါ်ထားပေးမှာလဲ။
ဖြေ - ကျွန်တော်တို့ကလည်း မြန်မာဘက်ကတိုက်ပွဲတွေကို မြန်နိုင်
သလောက်ရပ်စဲဖို့ လည်း မျှော်လင့်ပါတယ်။ မြန်မာဘက်က ငြိမ်းချမ်းပြီးသွားရင် စစ်ဘေးဒုက္ခသည်တွေ ကို အိမ်တွေပြန်ပေးဖို့ ကျွန်တော်တို့လည်း မျှော်လင့်နေပါတယ်။ အခုမြန်မာဟိုဘက်မှာ လည်း တိုက်ပွဲဖြစ်နေလို့ ခိုလှုံနေရတဲ့ဒီဒုက္ခ သည်တွေက မြန်မာပြည်ကိုပြန်ဖို့လည်း စိုး ရိမ်ပါတယ်။
ဒီစစ်ဘေးရှောင်ဒုက္ခသည်တွေ ကလည်း သူတို့အိမ်တွေကို လွမ်းနေပါတယ်။ အဲဒါကြောင့် တိုက်ပွဲမြန်မြန်ပြီးတော့ ငြိမ်း ချမ်းတာနဲ့ သူတို့က မြန်မာဘက်ကိုပြန်သွား မယ်ထင်တယ်။
ကျွန်တော်တို့ဘက်ကလည်း ပြန်ပို့ဖို့ကို ကန့်သတ်ချက်ပေးတာမဖြစ်နိုင် ပါဘူး။ ဖြစ်နိုင်ခြေလည်းမရှိပါဘူး။ ဒါပေမဲ့ ဥပမာ မနက်ဖြန်တိုက်ပွဲမီးငြိမ်းသွား
မယ်ဆို ရင် ဒီပြည်သူလူထုတွေက ချက်ချင်းအိမ်ကို ပြန်သွားလိမ့်မယ်
လို့တော့ ယုံကြည်ပါတယ်။ တရုတ်ဘက်အနေနဲ့ကတော့ လူမှုရေးစာနာ ထောက်ထားမှုအရ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။
မေး - လက်ရှိတိုက်ပွဲစဖြစ်တဲ့ နိုဝင်ဘာ ၂၀ ကနေ ၂၉ ရက်အထိ ကိုးရက်တာအတွင်း တရုတ်ဘက်ကိုဝင်လာတဲ့ စစ်ဘေးရှောင်တွေ အတွက်ရော၊ မူဆယ်ဘက်က စစ်ဘေးရှောင် တွေအတွက်ရော တရုတ်အစိုးရရဲ့ထောက် ပံ့ပေးမှုက ဘယ်လောက်ရှိသွားပြီလဲ။
ဖြေ - အဲဒါကတယ်ဟုန်ဘက်ကိုရောက်ရင် သေချာတဲ့အချက်
အလက်တွေကိုရပါလိမ့် မယ်။ လက်ရှိစာရင်းကို သေသေချာချာမသိ ရသေးပါဘူး။
မေး - လက်ရှိဖြစ်နေတဲ့ မြန်မာဘက်က တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တိုက်ပွဲတွေအမြန် ရပ်နိုင်အောင် တရုတ်အစိုးရအနေနဲ့ရော ကြားဝင်စေ့စပ်ပေးဖို့ရှိပါသလား။
ဖြေ - အများကသိတဲ့အတိုင်းပဲ။ ဒီ နိုဝင်ဘာ ၂၆ ရက်ကစပြီး နိုင်ငံခြားရေးဝန် ကြီးဌာနနဲ့ မြန်မာကာကွယ်ရေးဝန်ကြီးဌာန တို့ အဆင့်မြင့်ညှိနှိုင်းဆွေးနွေးပွဲ
ကိုလည်း လုပ်နေပါတယ်။ ဒီဆွေးနွေးပွဲမှာလည်း တရုတ်ဘက်ကနေပြီး တိုက်ပွဲတွေမြန်နိုင် သလောက် မြန်မြန်ရပ်စဲဖို့ တိုက်တွန်းနေပါ တယ်။ ပြီးလို့ရှိရင် တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနရဲ့ အထူးကိုယ်စားလှယ်လည်း အခု တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားတွေရဲ့လက်နက်ကိုင်အဖွဲ့
စည်းတွေကိုလည်း ညှိနှိုင်းမှု တွေလည်း ပြုလုပ်နေပါတယ်။
ဆိုတော့ အဲဒါ ကြောင့်မို့ ကျွန်တော်တို့ တရုတ်နိုင်ငံကလည်း နည်းလမ်းအမျိုးမျိုးကနေတစ်ဆင့် မြန်မာ နိုင်ငံငြိမ်းချမ်းရေးရဖို့၊ တိုက်ပွဲရပ်စဲဖို့ နိုင်ငံ ရေးဆွေးနွေးမှုနည်းလမ်းကနေပြီးတော့လုပ် ဖို့ အများကြီးကူညီဆောင်ရွက်ပေးပါတယ်။ စစ်ပွဲတွေမြန်မြန်ရပ်စေချင်ပါတယ်။ ဘာ လို့လဲဆိုရင် တိုက်ပွဲတွေကြောင့် တရုတ် နိုင်ငံဘက်ကို
လက်နက်ကြီးကျလာတာတွေရှိတယ်။ ၀မ်တိန်ဘက်မှာဆို အခုကျောင်း
တွေပိတ်ထားရဆဲဖြစ်ပါတယ်။
မေး - တချို့တိုင်းရင်းသားလက်နက်ကိုင် တွေကတပ်မတော်နဲ့တိုက်ပွဲဖြစ်
ပြီးနောက်မှာ တရုတ်နိုင်ငံဘက်အခြမ်းကိုဝင်ရောက် ခိုလှုံတာတွေရှိတယ်။ တရုတ်အနေနဲ့ထောက် ပံ့မှုတွေပေးနေတယ်လို့ နိုင်ငံခြားမီဒီယာ အချို့ကရေးသားတာတွေရှိတဲ့အပေါ် တရုတ် အစိုးရအနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်ပါ သလဲ။
ဖြေ - ဒဏ်ရာရတဲ့လူအချို့က တရုတ် ပြည်ဘက်ကိုလာတော့
ဆေးကုသပေးပါ တယ်။ ဒါပေမဲ့ သူကသာမန်ပြည်သူလူထု လား၊ လက်နက်ကိုင်လားဆိုတာ သေချာခွဲ ခြားလို့မရလို့ လူမှုစာနာထောက်
ထားမှုအရ ကုသပေးနေပါတယ်။ ၀င်လာတဲ့သူတွေက ဒဏ်ရာရမယ်
ဆိုရင် ဆေးကုသမှုတွေပေး မယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတစ်ယောက် စီ စစ်ဆေးပေးလို့လည်းမရပါဘူး။ ဘယ်သူ ဆိုတာလဲ သေချာစစ်ဆေး
လို့မရပါဘူး။
ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ရှုထောင့်နဲ့ရပ်တည်ချက်ကျတော့ ဘယ်သူမှ
နယ်စပ်ဒေသတည် ငြိမ်အေးချမ်းရေးကိုထိခိုက်တာကို ဘယ်သူ မှလက်မခံပါဘူး။ တရုတ်နိုင်ငံကိုမှီခိုပြီး တော့ အခြားဘက်ကို တိုက်ခိုက်နေတာမျိုး ဖြစ်ဖို့လည်းလက်မခံပါဘူး။ ပြီးလို့ရှိရင် ခုနက ကျွန်တော်ပြောသလိုပဲ အစိုးရအနေ နဲ့ကျတော့ ဒီမြန်မာနိုင်ငံက
နိုင်ငံရေးလမ်း ကြောင်းကနေ ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ပါ တယ်။ နိုင်ငံခြားမီဒီယာတွေက ဒီလိုမျိုးရေး သားပြုစုတဲ့သတင်းတွေက မှန်ကန်မှုမရှိဘူး လို့ ကျွန်တော်ကထင်ပါတယ်။ ဒီတစ်ခေါက် မှာလည်း မြန်မာမီဒီယာတွေအနေနဲ့ မှန်ကန် မှုရှိတဲ့သတင်းကိုယူဖို့ မျှော်လင့်ပါတယ်။
မေး - အခုတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ရှမ်း ပြည်နယ်အစိုးရနဲ့ရော ပူးပေါင်းဆောင်ရွက် ဖို့ လတ်တလောဆွေးနွေးထားတာရောရှိပါ သလား။
ဖြေ - ခုနကဆွေးနွေးမှုတွေ၊ ညှိနိုင်းမှုတွေ ကကျတော့ ဒေသအစိုးရနဲ့ကျတော့
ဆွေး နွေးလို့မရဘူး။ ဆွေးနွေးဖို့ဆိုရင် နိုင်ငံတော် အဆင့် ဆွေးနွေးမှရမှာပါ။
ဒေသအစိုးရကျ တော့ သူငယ်ချင်းဖြစ်တဲ့ မြန်မာပြည်ထောင် စုအစိုးရကနေတစ်ဆင့် ပြန်ဆွေးနွေးပေး တာပေါ့။
မေး - အခုစစ်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ် နိုင်ငံအနေနဲ့လုံးဝပါဝင်ပတ်သက်မှု
မရှိဘူး လို့ဆိုထားတဲ့သဘောမျိုးလို့ နားလည်ပါ တယ်။ ဒါပေမဲ့ မြန်မာပြည်သူ
အများစုက တော့ ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ် နိုင်ငံအနေနဲ့ တစ်နည်းတစ်ဖုံပါဝင်ပတ်သက် နေတယ်လို့ ယုံကြည်နေကြတယ်။ အဲဒီ အပေါ် နောက်ဆုံးမေးခွန်းအနေနဲ့ မြန်မာ ပြည်သူတွေကို အမှာစကား
ပါးပေးပါဦး။
ဖြေ - ခုနကပြောတဲ့အတိုင်းပဲ တရုတ် နိုင်ငံက မြန်မာနိုင်ငံအတွက်ဆိုရင် အကောင်း ဆုံးအိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ အကောင်း ဆုံးမိတ်ဆွေ
လည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က မြန်မာနိုင်ငံကို ငြိမ်းချမ်းရေး ရစေချင်ပါတယ်။ ရဖို့လည်းမျှော်လင့်ပါတယ်။ ကျွန်တော်တို့ဘက်ကကျတော့ ကူညီတဲ့လုပ် ငန်းစဉ်တွေကိုဆောင်ရွက်မယ်။ နိုင်ငံကိုထိ ခိုက်တဲ့
လုပ်ငန်းဆောင်ရွက်ချက်ကို ဆောင် ရွက်မှာမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။
Photo Credit - တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏Foreign Affairs Office of the People's Government of Yunnan Province မှ Director-General Mr.Wang Wei
#Democracytoday

No comments:

Post a Comment