Thursday, December 1, 2016

မော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံလျက်ရှိသည့် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား တပ်မတော်စစ်ကြောင်းများက သွားရောက်ရှင်းလင်း

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ အွန်ဂထောင်ကျေးရွာအနီးရှိ ယုဇနလမ်းခွဲ၌ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် KIA အကြမ်းဖက်သောင်းကျန်းသူများက ယာဉ်ငယ် ၃ စီးအား ၁ စီးလျှင် ကျပ် ၁ သိန်းစီကောက်ခံခဲ့ကြောင်းနှင့် အဆိုပါနေရာတစ်ဝိုက်သို့ အကြမ်းဖက်သောင်းကျန်းသူအင်အား ၄၀ ဦးခန့်ရောက်ရှိနေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများက သွားရောက်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ယနေ့နံနက် ၉ နာရီခန့်တွင် ကာမိုင်းမြို့နယ်၊ ခွန်ဆိုင်ဇွပ်ကျေးရွာနှင့် ဆိုင်းဖရာကျေးရွာကြားရှိ ဖားကန့်-နန့်တိန်း-ကာမိုင်း လမ်းကြောင်းပေါ်တွင် သွားလာနေသည့် မော်တော်ယာဉ်များအား KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အင်အား ၂၀ ဦးခန့်က ဆက်ကြေးကောက်ခံရန်ပြင်ဆင်နေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများက သွားရောက် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment