Friday, December 2, 2016

ဂျပန်အသေးစားငွေချေးကုမ္ပဏီနှင့် Panasonic ပူးပေါင်း၍ ကျေးလက်တွင် ဆိုလာဘက်ထရီများ အရစ်ကျရောင်းမည်

 ဂျပန်အသေးစားငွေချေး လုပ်ငန်းကုမ္ပဏီ Myanmar & JapanInternational Enterprise (MJI) နှင့် Panasonic ကုမ္ပဏီတို့ ပူးပေါင်း၍ ဆိုလာစနစ်သုံး ဘက် ထရီများကို သီတင်းတစ်ပတ် လျှင် ကျပ် ၆,၀၀၀ နှုန်းဖြင့်ခြောက်လအရစ် ကျရောင်းချမည်ဟုသတင်းရရှိသည်။ ကျပ် ၂၀၀,၀၀၀ ခန့်တန်ဖိုးရှိ အဆိုပါ ဘက်ထရီရောင်းချခြင်း မှာ ကလေးသူငယ်ပညာသင်ကြား မှု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမြှင့် တင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင် ရွက်ခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီ အမှု ဆောင်အရာရှိချုပ် မစ္စတာ ယူကိုကာတိုက ပြောကြားသည်။ MJI ဂျပန်ကုမ္ပဏီသည် ကျေးလက်ဒေသရှိ အမျိုးသမီး များသို့သာ သီးသန့်ချေးငွေထုတ် ချေးနေသော အသေးစားငွေကြေး ကုမ္ပဏီဖြစ်ပြီး လွန်ခဲ့သောတစ်နှစ် ခန့်ကစတင်ကာ မြန်မာနိုင်ငံတွင် ချေးငွေလုပ်ငန်းများ စတင်လုပ် ကိုင်နေသော ကုမ္ပဏီဖြစ်သည်။



‘‘ဒီမှာ ငွေချေးရတာအဆင် ပြေပါတယ်။ လုပ်ချင်ကိုင်ချင် လည်းရှိကြတယ်။ အသက် (၁၈) နှစ်နဲ့အထက် အလုပ်လုပ်နိုင်တဲ့ အမျိုးသမီးတိုင်းကို ငွေချေးပါ တယ်။ ချေးငွေကိုလည်း အကြွေး နွံထဲမနစ်အောင် အများကြီးမချေး ဘူး။ တကယ်အလုပ်လုပ်နိုင်မယ့်၊ တကယ်ပြန်ဆပ်နိုင်မယ့် ပမာဏ ကိုပဲ ချေးတာပါ’’ဟု မစ္စယူကိုကာ တိုက ပြောသည်။

အဆိုပါကုမ္ပဏီသည် ကျေး လက်ရှိ အမျိုးသမီးတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၀၀ (ကျပ် ကျပ်သိန်းခွဲကျော်)မှ ဒေါ်လာ ၁၀၀၀ (ကျပ် ၁၃ သိန်းကျော်)အထိချေးပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၅ ရာခိုင်နှုန်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဥပဒေအရ အပေါင်ပစ္စည်းမယူဘဲ ချေးငွေထုတ်ပေးနေကြောင်း မစ္စယူကိုကာတိုကပြောသည်။

လက်ရှိတွင် ရန်ကုန်နှင့်ပဲခူး တိုင်း၌ ချေးငွေပေးနေပြီး ကချင် ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် တိုးချဲ့ရန် စီစဉ်နေသည်။ ထွန်းထွန်းမင်း

No comments:

Post a Comment