Wednesday, January 11, 2017

ဝင်ပြိုင်သည့် ပြိုင်ပွဲတိုင်းတွင် ဆုတံဆိပ်ရရှိနိုင်မည်ဟု ဂျူဒိုနည်းပြချုပ် ပြော

လာမယ့် ၂၀၁၇ မလေးရှားဆီးဂိမ်းမှာ ဂျူဒိုအားကစားအဖွဲ့အနေနဲ့ ရွှေတံဆိပ်မျှော်မှန်းဖို့ အခက်အခဲရှိပေမယ့် ဝင်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ ဆုတံဆိပ်တွေ ရရှိနိုင်မယ်လို့ ဂျူုဒိုနည်းပြချုပ် ဦးဇော်လွင်က ပြောလိုက်ပါတယ်။ ကစားသမားအင်အားနည်းတာကြောင့် အောင်မြင်မှုအမြင့်ဆုံး မမျှော်မှန်းနိုင်တာအပြင် လာမယ့် မလေးရှားဆီးဂိမ်းမှာ ဝိတ်တန်းအကုန် ဝင်ရောက်မယှဉ်ပြိုင်ရတာကြောင့် အောင်မြင်မှုအမြင့်ဆုံး မမျှော်မှန်းနိုင်တာ ဖြစ်ပါတယ်။ ဂျူဒိုအားကစားအဖွဲ့အနေနဲ့ လာမယ့်ဆီးဂိမ်းမှာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးက ဝိတ်တန်းတခုစီ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၅ ဦးနဲ့ လေ့ကျင့်နေတယ်လို့ သိရပါတယ်။



ဒါ့အပြင် အတွေ့အကြုံရှိ ကစားသမား ၃ ဦးခန့်သာ ပါပြီး မျိုးဆက်သစ်ကစားသမားတွေနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

မကြာမီအချိန်မှာ ဂျပန်လူမျိုးနည်းပြ လာရောက်မှာဖြစ်သလို ဂျပန်နိုင်ငံကိုလည်း ပေါင်းကူးလေ့ကျင့်ခန်းတွေ သွားရောက်ပြုလုပ်မှာ ဖြစ်ပါတယ်။

ဂျူဒိုအားကစားအဖွဲ့ဟာ မြန်မာနိုင်ငံမှာ အိမ်ရှင်ပြုလုပ်တဲ့ ၂၀၁၃ မြန်မာဆီးဂိမ်းမှာ ရွှေ ၄ ဆု ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၅ စင်ကာပူဆီးဂိမ်းမှာတော့ ရွှေတံဆိပ် ၂ ဆုပဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ထက်လူ

No comments:

Post a Comment