Thursday, January 12, 2017

အမျိုးသားလုံခြုံရေးအကြံပေး အငြိမ်းစားသံအမတ် ဦးသောင်းထွန်းအကြောင်း တစေ့တစောင်း

ပြည်တွင်းပြည်ပ အန္တရာယ်တွေကို မဟာဗျူဟာရှုထောင့်ကနေ လေ့လာ သုံးသပ် အကြံပြုနိုင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် အငြိမ်းစား သံအမတ်ကြီး ဦးသောင်းထွန်းကို ပြည်ထောင်စုဝန်ကြီးအဆင့် တာဝန်ပေးပြီး နိုင်ငံတော်သမ္မတက ခန့်အပ်လိုက်ပါတယ်။ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ခန့်အပ်ခံရတဲ့ ဦးသောင်းထွန်းဟာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဟောင်းဖြစ်ပြီး စစ်အစိုးရ လက်ထက်က ဖိလစ်ပိုင်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀ါရင့်သံတမန်တဦးဖြစ် တယ်လို့ သမ္မတရုံးက စုံစမ်းသိရပါတယ်။
ဦးသောင်းထွန်းဟာ ၁၉၇၂ ခုနှစ်က မြန်မာနိုင်ငံခြားရေးဌာနမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်ရုံးချုပ်နဲ့ ဘန်း၊ ဘရပ်ဆဲလ်၊ ဂျနီဗာ၊ မနီလာ၊ နယူးယောက်ခ်နဲ့ ၀ါရှင်တန်တို့မှာ သံတမန်အဖြစ် အငြိမ်းစားယူတဲ့ ၂၀၁၀ ဧပြီလအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၀၁ မှ ၂၀၀၅ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီး ဌာနမှာ ညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်းခဲ့သလို အာဆီယံအဆင့်မြင့် အရာရှိများ အစည်းအဝေးတွေမှာ မြန်မာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။
၂၀၀၅ မှ ၂၀၀၈ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၀၈ မှ ၂၀၁၀ ခုနှစ်ထိ ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ အီးယူဆိုင်ရာ မြန်မာသ အမတ်ကြီးအဖြစ် ဘရပ်ဆဲလ်မြို့မှာ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဦးသောင်းထွန်းဟာ ရန်ကုန်တက္ကသိုလ်ကနေ သိပ္ပံဘွဲ့နဲ့ နိုင်ငံခြားဘာသာ သိပ္ပံမှာ ပြင်သစ်ဘာသာဒီပလိုမာရရှိခဲ့ပါတယ်။
၁၉၈၄ မှ ၁၉၈၅ ခုနှစ်ထိ အမေရိကန်ပြန်ထောင်စု ၀ါရှင်တန်ဒီစီရှိ Johns Hopkins တက္ကသိုလ် နိုင်ငံတကာလေ့လာရေးကျောင်း (SAIS)မှာ Fulbright ပညာသင်ဆုနဲ့ တက်ရောက်ခဲ့ပြီး နိုင်ငံတကာ ပြည်သူ့ရေးရာမူဝါဒ ဘာသာ ရပ်နဲ့ မဟာဘွဲ့ရရှိခဲ့ပါတယ်။
၂၀၁၀ ကနေ ၂၀၁၅ ထိ အရှေ့တောင်အာရှလေ့လာရေးဌာန ISEAS-Yusof Ishak Institute မှာ Visiting Senior Research Fellow တဦးလည်းဖြစ်ခဲ့ပါ တယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမျိုးသားကော်မရှင် (NCEA) နဲ့ မြန်မာနိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS) မှာ အတွင်းရေးမှူး တာဝန်ယူခဲ့သူဖြစ်ပြီး Myanmar Development Research Institute (MDRI) ရဲ့ အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ Shell Myanmar Energy ကုမ္ပဏီရဲ့ အစိုးရ ဆက်ဆံရေး အကြံပေးအဖြစ်လုပ်ကိုင်နေပါတယ်။
DVB

No comments:

Post a Comment