Thursday, January 12, 2017

ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ ပြည်ပသို့ရေထွက်ပစ္စည်းကန်ဒေါ်လာသန်း ၄၀၀ ဖိုးနီးပါးတင်ပို့ထား၊ ယခင်နှစ်ထက်ပို

ယခုဘဏ္ဍာ နှစ် ဒီဇင်ဘာလအထိ ပြည်ပနိုင်ငံများ သို့ ရေထွက်ပစ္စည်းကန်ဒေါ်လာသန်း ၄၀၀ ဖိုးနီးပါးတင်ပို့ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။ ယခုဘဏ္ဍာနှစ် ဧပြီလ၁ရက်မှ ဒီဇင်ဘာလ၃၀ရက်အထိ ပြည်ပနိုင်ငံ များသို့ အမေရိကန်ဒေါ်လာ၃၉၄ဒသမ ၀၉၈သန်းတန်ဖိုးရှိ ရေထွက်ပစ္စည်း များကို ပုဂ္ဂလိကပိုင်မှတင်ပို့ထားပြီး နိုင်ငံပိုင်မှတင်ပို့မှုမရှိကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ""ရေ ထွက်ပစ္စည်းက နိုင်ငံပိုင် တင်ပို့မှုမရှိတာ ကြာပြီ။ ပုဂ္ဂလိကပဲတင်ပို့မှုတွေပြုလုပ် နေတာပါ။ ဒီနှစ်ရေထွက်ပစ္စည်းက မနှစ်ကထက် ပိုမိုမယ့်အနေအထား တော့ရှိတယ်။ ဒီဇင်ဘာလကုန်အထိ မနှစ်ကကာလတူနဲ့နှိုင်းယှဉ်ရင် ကန် ဒေါ်လာ၆၆သန်းကျော်လောက် ပိုနေ တာတွေ့ရတယ်""ဟု ဇန်န၀ါရီ ၁၁ ရက်က ဒီမိုကရေစီတူဒေးသို့ ပြော သည်။

ပြည်ပနိုင်ငံများသို့ ရေထွက် ပစ္စည်းများတင်ပို့ရာတွင် တစ်နှစ်ထက် တစ်နှစ်တင်ပို့မှု လျော့ကျခဲ့သော်လည်း ယခုဘဏ္ဍာနှစ် ကိုးလတာကာလအ တွင်း ရေထွက်ပစ္စည်း ကန်ဒေါ်လာ ၃၉၄ဒသမ၀၉၈သန်းတင်ပို့ခဲ့ပြီး ယခင် ဘဏ္ဍာနှစ်ကာလတူတွင် ကန်ဒေါ်လာ သန်း၃၂၇ဒသမ၉၃၄သန်းသာ တင်ပို့ နိုင်ခဲ့ခြင်းကြောင် ယခင်ဘဏ္ဍာနှစ် ကာလတူထက်ကန်ဒေါ်လာ
၆၆ဒသမ ၁၆၄သန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိ ရသည်။
မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ် လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်က ""ဒီဘဏ္ဍာနှစ်ရေထွက် ပစ္စည်း ကန်ဒေါ်လာသန်း၇၀၀ရဖို့က ဘယ်လိုမှမပြည့်မီနိုင်ဘူး။ သန်း၅၀၀၊ ၅၅၀ကျော်လောက်ပဲရနိုင်တယ်။ ထုတ် လုပ်မှုတိုးတက်အောင် မွေးမြူရေးကို အဓိကထားလုပ်ဆောင်ရမယ်။ နောက် ပြီး စားသုံးသူလက်ထဲကို တိုက်ရိုက် မပို့နိုင်ဘဲ တစ်ဆင့်ခံအနေနဲ့လုပ်ကိုင် နေရတာဖြစ်တဲ့အတွက် အကျိုးအ မြတ်မှာ လျော့နည်းတာလည်းရှိတယ်။ တိုက်ရိုက်တင်ပို့နိုင်ရင် ပိုအကျိုးအ မြတ်များနိုင်ပါတယ်""ဟုပြောသည်။
လက်ရှိပြည်ပနိုင်ငံများသို့ အိတ် ပို့စ်ငါးများတင်ပို့ရာတွင် ငါးမြစ်ချင်းကို သာအဓိကထားတင်ပို့နေရပြီး ပြည်ပ နိုင်ငံများသို့ ရေထွက်ပစ္စည်းများပိုမို တင်ပို့လာနိုင်ရန် ကာလတိုဖြင့်ဈေး ကွက်သို့ ၀င်ရောက်နိုင်သောငါးများ၊ တန်ဖိုးမြင့်ငါးများ ပိုမိုမွေးမြူထုတ်လုပ် ရန်လိုအပ်ကြောင်းသိရသည်။
TEEP

No comments:

Post a Comment