Wednesday, January 11, 2017

သုံးနာရီလျှင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနှုန်း သေဆုံးနေဆဲ

 မြန်မာနိုင်ငံ၌ ကိုယ်ဝန် ဆောင်မိခင်သေဆုံးမှုသည် သုံးနာရီလျှင် တစ်ဦးနှုန်း(တစ်ရက် လျှင် ရှစ်ဦးခန့်)သေဆုံးနေဆဲဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာ နေမင်းမျိုး ထွန်းက ဝန်ကြီးဌာန၏ စာရင်းဇ ယားများကို ကိုးကား၍ ပြောကြား သည်။ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ပညာရှင်များ၊ နိုင်ငံ တကာ ပညာရှင်များ၊ ယူနီဆက် မြန်မာအပါအဝင် ၂၀၁၄ ပြည် လုံးကျွတ် သန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံ တွင် သုံးနာရီလျှင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနှုန်း သေဆုံးနေကြောင်းသိရသည်။ ထိုကဲ့သို့ ကိုယ်ဝန်ဆောင် မိခင်များ သေဆုံးရခြင်းမှာ အ ကြောင်းမျိုးစုံရှိနိုင်သော်လည်း အဓိကအားဖြင့် နှောင့်နှေးမှုအ ချက်သုံးချက်ကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။



‘‘တစ်ရက်ကို ကိုယ်ဝန် ဆောင်မိခင်ရှစ်ဦးသေဆုံးနေကြ တယ်။ တစ်လကို အယောက် ၂၅၀ လောက် သေဆုံးတယ်ပေါ့။ သေဆုံးစေတဲ့ နှောင့်နှေးမှုတွေကို ကြည့်လိုက်ရင် ကိုယ်ဝန်ဆောင် မိခင်တွေက ကလေးမမွေးဖွားခင် မှာ ကြိုတင်စီမံထားခြင်းမရှိဘူး။ တကယ်မွေးတော့မယ်ဆိုမှ ရွာက နေ ဆေးရုံဆေးခန်းလာဖို့ ဆုံးဖြတ်တယ်ပေါ့။ ဆုံးဖြတ်ချက်ချမှုနှောင့် နှေးတာရှိတယ်။ ဒုတိယနှောင့်နှေး မှုက ကိုယ်ဝန်ဆောင်မိခင်က ဆုံး ဖြတ်ချက်ချပေမယ့် ဆေးရုံဆေး ခန်းသွားဖို့ ယာဉ်ယန္တရားအချိန်မီ မရတာပေါ့။ နောက်ဆုံးတစ်ချက် ကတော့ မြို့နယ်၊ တိုက်နယ်ဆေး ရုံတွေမှာ လူနာရောက်လာပြီး ကုသပေးတဲ့အချိန်မှာ အကြောင်း ကြောင်းကြောင့် အချိန်မီလုပ် ဆောင်မပေးနိုင်တဲ့ နှောင့်နှေးခြင်း ပေါ့။ ဒီသုံးချက်ကတော့ အဓိက ပဲ’’ဟု ဒေါက်တာနေမင်းမျိုးထွန်း က ရှင်းပြသည်။

 ရောဂါနှင့် ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင် သေဆုံးရ ခြင်းများတွင် ကလေးမွေးပြီး သွေးသွန်ခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း ကြောင့် သတိလစ်ခြင်းနှင့် အ သက်ဆုံးရှုံးခြင်း၊ ကိုယ်ဝန်ဖျက်ချ ခြင်းကြောင့် ပိုးဝင်ပြီး သေဆုံးခြင်း များရှိကြောင်း၊ တစ်ခါတစ်ရံ၌ ကလေးနှင့် မွေးလမ်းကြောင်း ကြားတွင် အချင်းခံနေခြင်းကြောင့် သွေးသွန်ခြင်း၊ အချင်းကြိုးကွာပြီး သွေးသွန်ခြင်းကြောင့် သေဆုံးခြင်းများရှိကြောင်း သိရသည်။

‘‘မမွေးခင် ကိုယ်ဝန်ဆောင်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ့ဆုံစဉ် ကတည်းက ဘယ်မှာ မွေးမှာလဲ။ မွေးမယ့်အချိန် ကူညီမယ့်သူနဲ့ ဆေးရုံဆေးခန်းသွားဖို့ ယာဉ်စီ စဉ်ထားသလား စသဖြင့် သူတို့ဆုံး ဖြတ်ချက်တွေကို ဝိုင်းဆွေးနွေးခြင်းက ပထမနှောင့်နှေးခြင်းနဲ့ ပတ်သက်ရင် ကြိုတင်ပြင်ဆင် နိုင်တဲ့ နည်းလမ်းပေါ့။ လိုအပ်တဲ့ ယာဉ်ယန္တရားအတွက် လူမှုကူညီ ရေးအဖွဲ့အစည်းတွေအပိုင်းက ကူညီပေးဖို့ ဆွေးနွေးတိုင်ပင် တယ်။ ဆေးရုံရောက်လာတဲ့ လူ နာကို ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲ ခန်းနဲ့ သွေးလှူရှင်အပိုင်းကအစ တတ်နိုင်သမျှ ကုသမှု ပြည့်စုံ အောင် ဆောင်ရွက်ထားပေမယ့် တစ်ခါတစ်ရံ နှောင့်နှေးတဲ့အခြေ အနေနဲ့ ကြုံတွေ့လာရင် ဘယ်လို လုပ်ဆောင်မယ်ဆိုတာကို ကြို တင်ပြင်ဆင်ထားတယ်’’ဟု ကိုယ် ဝန်ဆောင်မိခင် သေဆုံးမှုကို လျှော့ချနိုင်ရန် ကြိုတင်ပြင်ဆင် ထားသည့် နည်းလမ်းများကို ဒေါက်တာ နေမင်းမျိုးထွန်းက ပြောသည်။

ကိုယ်ဝန်ဆောင်မိခင်သည် မိမိအသက်အပြင် ရင်သွေးငယ်၏ အသက်ကိုပါ လွယ်ထားရသဖြင့် မိသားစုပတ်ဝန်းကျင်နှင့် ကျန်းမာ ရေး အသိုင်းအဝိုင်းအားလုံးကပါ  ဝိုင်းဝန်းကူညီစောင့်ရှောက်ရန် အရေးကြီးကြောင်း ၎င်းက ပြောကြားသည်။ ဟေမာန်ညီညီ

No comments:

Post a Comment