Thursday, January 12, 2017

ဒေါ်အောင်ဆန်းစုကြည်နှင့် NCA ရေးထိုးထားသောအဖွဲ့ခေါင်းဆောင်များ ဆွေးနွေးမည်

လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ် အောင်ဆန်းစုကြည်နှင့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံဆွေးနွေးရန် စေလွှတ်မည့် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်သည့် အရေးပေါ်အစည်းအဝေး၌ ဖွဲ့စည်းခဲ့ကြောင်းတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးသည့် အဖွဲ့ခေါင်းဆောင်အချို့က ပြောသည်။
‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကြီးအကဲ နိုင်ငံတော်ရဲ့ အတိုင် ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာသွားမယ့်ကိစ္စရပ် နည်း နည်းရှိတာပေါ့။ နောက်ပြီးတော့ လာမယ့် ၂၁ ရာစု ပင်လုံ ဒုတိယ ဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်စေဖို့၊ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်စေဖို့ ညှိနှိုင်းတိုင်ပင်ဖို့ လိုတယ်ဆိုပြီး ကိုယ်စားလှယ် အဖွဲ့ကို ပြင်ဆင်တာဖြစ်တယ်’’ ဟု ပအို့ဝ်အမျိုးသားလွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် ကိုယ်စားလှယ်အဖွဲ့ တွင် ကရင်အမျိုးသားအစည်း အရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူး စေးဖိုး၊ ဗိုလ်မှူးကြီးခွန်ဥက္ကာအပါ အဝင် NCA ရေးထိုးထားသည့် အဖွဲ့များမှ တိုင်းရင်းသားခေါင်း ဆောင် ငါးဦး ပါဝင်မည်ဖြစ် သည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံရန် ကမ်းလှမ်းထားပြီး တွေ့ဆုံမည့်နေ့ရက် အတိအကျကို လာမည့်ရက်ပိုင်းအတွင်း သိရမည်ဖြစ်ကြောင်း NCA အဖွဲ့ခေါင်းဆောင်အချို့က ဆိုသည်။
တွေ့ဆုံရာတွင် ဆွေးနွေးမည့် အသေးစိတ်အချက်အလက်များကို လက်ရှိတွင် ကြိုတင်ပြောကြား၍ မရသေးကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆက်လက် ပြောသည်။

No comments:

Post a Comment