Thursday, January 12, 2017

ဆိုင်ကယ်သူခိုး Show Room အထိ ဖွင့်လှစ်နိုင်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာ အတွင်းရှိ ဂုဏ်ထူးရှင်ဘော်ဒါဆောင်၏ နောက်ဖေး လမ်းကြား မှောင်ရိပ်တွင် မသင်္ကာ ဖွယ်လူတစ်ဦးကို တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ နယ် ညောင်စောက်ကျေးရွာနေ မောင်ခိုင်(ခ) လှမင်းထွန်းဖြစ်ပြီး မှောင်ရိပ် ခိုမှုနှင့်ပတ်သက်၍ ဆားလင်းကြီးမြို့မရဲစခန်းက စစ်ဆေးခဲ့ရာမှ ¤င်းသည် ၂ဝ၁၆ ခုနှစ် မေလခန့်က ရေဦးမြို့နယ် တင်းတိန်ရံကျေးရွာ ဘုန်းကြီးပျံပွဲ ခင်း၌ ရပ်ထားသောBo Bo ၁၂၅ အမျိုးအစား ဆိုင်ကယ်တစ်စီးအား ခိုးယူခဲ့ပြီး ဆားလင်းကြီး- ကျားတက် ကျေးရွာသွား ကားလမ်းမဘေး ချုံပုတ်ထဲတွင် ဝှက်ထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် သက်သေများနှင့်အတူ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ၄င်းအား ဆားလင်းကြီး မြို့ပေါ်ရပ်ကွက်များအတွင်း ဆိုင်ကယ်များခိုးယူပျောက်ဆုံးမှုများနှင့် ပတ်သက်ပြီး ပါဝင်ပတ်သက်ခြင်း ရှိ/မရှိ စစ်ဆေးရာ ဆိုင်ကယ် ၁၅ စီးအား ခိုးယူရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သည်။ ၄င်းခိုးယူခဲ့သော ဆိုင်ကယ် များမှာ ရေဦးမြို့၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း၊ ရေဦးမြို့နယ် တင်းတိန်ရံရွာ၊ ခင်ဦးမြို့ နယ်နှင့် အခြားနေရာဒေသအသီးသီးမှ ဆိုင်ကယ် ၁၅ စီးအား ကျားတက်ကျေးရွာ၊ ဇီးချိုင်ကျေးရွာနှင့် ထုံးမကျေးရွာများ၌ ရောင်းချ ထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် ဆိုင်ကယ်ခိုးယူရောင်းချခဲ့သော မောင်ခိုင်(ခ)လှမင်းထွန်းကို ဆားလင်း ကြီးမြို့မရဲစခန်းက ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဦးငယ်(ဆားလင်းကြီး)
MOI

No comments:

Post a Comment