Wednesday, July 26, 2017

ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းရင်ဆိုင်သွားမည်ဟု ALD ပြော

ရခိုင်ပြည်နယ် လက်ရှိကြုံတွေ့နေသည့် အရေးကိစ္စများနှင့် ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ နှင့် ပူးပေါင်းရင်ဆိုင် သွားမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ- ALD ပါတီဖြစ်မြောက်ရေး ကော်မတီဝင် ဦးမြင့်ကျော်က ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မေးမြန်ချက်ကို ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ ALD ပါတီအနေဖြင့် ရခိုင်ပြည်နယ် ကော်မရှင်အပေါ် ကန့်ကွက်ရန် အကြောင်းမရှိကြောင်း ရခိုင်ပြည်နယ်တွင် ဖြစ်နေသည့် ပြ၁သနာ များသည် ယခင်အစိုးရ အဆက်ဆက်မှ ၎င်းတို့အကျိုးစီးပွား အတွက် လုပ်ဆောင်ခဲ့ရာတွင် နောက်ဆုံး ရခိုင်တိုင်းရင်းသားများအပေါ် ပိလာခြင်းဖြစ်ကြောင်းနှင့် ရခိုင်ပြည်ပြသ၁နာသည် ပြည်ထောင်စု ပြသ၁နာဖြစ်သည့်အတွက် အားလုံးပူးပေါင်း ဖြေရှင်းရမည်ဖြစ်ကြောင်း ပြောသည်။

ဦးမြင့်ကျော်က “မြန်မာနိုင်ငံမှာ ပြည်ထောင်စုအစိုးရ အဆက်ဆက်သူတို့ အကျိုးစီးပွားအတွက် ဆုံးဖြတ်လိုက်တဲ့ကိစ္စသည် နောက်ဆုံး ကျွန်တော်တို့ အပေါ်မှာ လာပိတယ်။ ဖဆပလ ခေတ် ဦးနုဘာလုပ်ခဲ့သလဲ ဦးနေ၀င်း ခေတ် နအဖ ခေတ် ၀ှိုက်ကတ်တွေ ထုတ်တာတွေလုပ်တယ်။ အဲ့ဒီလုပ်တဲ့ အရာတွေကြောင့် ရခိုင်တွေအပေါ်မှာ လာပိတယ်။ ဒီပြသ၁နာ ရှင်းမယ် ဆိုရင် ဦးတို့ ရခိုင်တမျိုးနဲ့လူမျိုးတခုနဲ့ မဖြေရှင်းနိုင်ဘူး။ ပြသ၁နာက လည်း ပြည်ထောင်စု ပြသ၁နာဖြစ်တယ်။ ကျွန်တော်တို့ အချူပ်အခြာ အာဏာပိုင်မှုနဲ့ ပတ်သက်နေတဲ့ အတွက်ကြောင့်မို့ပါ။ တစ်နိုင်ငံလုံး ပြည်ထောင်စုအစိုးရ အနေဖြင့် အကာအကွယ်ပေးရမှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရနဲ့ရော အကုန်လုံးပူးပေါင်းပြီး ရင်ဆိုင်ဖို့ရှိပါတယ်”ဟု ပြောသည်။
စိုင်းဟန်
The Ladies News

No comments:

Post a Comment