Thursday, July 27, 2017

ထိုင်းဘုရင့် မွေးနေ့အထိမ်းအမှတ် လိပ်အကောင်ရေ တစ်ထောင်ကျော်လွတ်ပေး

ထိုင်းနိုင်ငံ ကောဘူရီ ကမ်းခြေမှာ အခုတစ်ပက်အတွင်း ကျရောက်မယ့် ထိုင်းဘုရင် မဟာ ဗာဂျီရာ လောင်ကွန်း ရဲ့ အသက် ၆၄ နှစ် ပြည့်မွေးနေ့အတွက် လိပ်အကောင်ရေ တစ်ထောင်ကျော် ကို ပင်လယ်ထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ အခုလို လိပ်တွေကို ပင်လယ်ထဲ လွှတ်ပေးပြီး သူတို့ရဲ့ ဘုရင်အသစ်အတွက် ကျန်းမာအသက်ရှည်စေဖို့ ဆုတောင်းခဲ့ကြတာပါ။ ထိုင်းဘုရင်ကြီး ဘူမိဘော ဆုံးပါးသွားချိန်မှာ ထိုင်းနိုင်ငံရဲ့ ဘုရင်ဖြစ်လာသူ မဟာ ဗဂျီရာလောင်ကွန်း ဟာ ၁၉၅၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အသက် ၆၄ နှစ်ပြည်မွေးနေ့အတွက် ဆုတောင်းပွဲကို ထိုင်းတပ်မတော်က အများပြည်သူပိတ်ရက်အဖြစ် သက်မှတ်ကြောင်း တရားဝင်ကြေညာထားပါတယ်။ေ ကာဘူရီကမ်းခြေမှာပြုလုပ်တဲ့ လိပ်တွေလွှတ်ပေးတဲ့ ဆုတောင်းပွဲကို ထိုင်းနိုင်ငံရေတပ် နဲ့ ကျောင်းသူကျောင်းသားတွေ ၊ ဘုန်းတော်ကြီးတွေနဲ့ ပြည်သူ တွေ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ MCN TV News

No comments:

Post a Comment