Thursday, July 27, 2017

ဂျပန်နိုင်ငံမှလှူဒါန်းသည့် ခရီးသည်တင် အမြန်ရေယာဉ်ရောက်ရှိ

ရခိုင်ပြည်နယ်တွင် ပြေးဆွဲရန် ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ခရီးသည်တင် က္ဆပနဒီ(၂) အမြန်ရေယာဉ်သည် ယမန်နေ့ ည ၇ နာရီခွဲက ကျောက်ဖြူမြို့ ကျောက်ချစခန်းဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် ရခိုင် ဒေသအတွင်း ဒေသခံပြည်သူများ လုံခြုံချောမွေ့စွာ ခရီးသွားလာနိုင်ရေးအတွက် ဂျပန်နိုင်ငံအစိုးရ စီးပွားရေးနှင့် လူမှုရေးတိုးတက်ဖွံ့ဖြိုးရေးအစီအစဉ်The Economic and Social Develop-ment Programmeမှ အထောက်အပံ့ဖြင့် ပေးအပ်လှူဒါန်းသည့် ခရီးသည်တင်ရေယာဉ် သုံးစင်းအနက် ဒုတိယအစင်းဖြစ်သည့် က္ဆပနဒီ(၂)အမည်ရှိ အမြန်ရေယာဉ်အား ဂျပန်နိုင်ငံ KOBE ဆိပ်ကမ်းမှ ဇူလိုင် ၁ဝ ရက်ကMV ISEသင်္ဘောကြီးဖြင့် တင်ဆောင်လာရာ ရခိုင် ပြည်နယ် ကျောက်ဖြူမြို့ ကျောက်ချစခန်းသို့ ယမန်နေ့ ည ၇ နာရီခွဲတွင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆိပ်ကမ်း၌ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့မှ တာဝန်ရှိသူများ၊ ကျောက်ဖြူမြို့ရှိ ဌာနဆိုင်ရာများနှင့် သင်္ဘောကုမ္ပဏီမှ တာဝန်ရှိသူများက ယနေ့ နံနက် ၁ဝနာရီတွင် အဆိုပါ ရေယာဉ်ပေါ်သို့ တက်ရောက်၍ ရေယာဉ်အား ဆိပ်ကမ်း အဝင် စစ်ဆေးခြင်းနှင့် သင်္ဘောကြီးပေါ်မှ ရေချခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးကြသည်။
ယခုရောက်ရှိလာသည့် က္ဆပနဒီ(၂) ရေယာဉ်အား စနစ်တ ကျမောင်းနှင်နိုင်ရန် ဂျပန်ပညာရှင်များက ရေယာဉ်ဝန်ထမ်းများအား ကျောက်ဖြူမြို့တွင် ရက်တို သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး ရေယာဉ်ကို လက်တွေ့မောင်းနှင်ခြင်း သင်တန်းပြီးဆုံးပါက ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ပို့ဆောင်ကာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ခရီးစဉ်ပြေးဆွဲနိုင်ရေး တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment