Thursday, July 27, 2017

ဧရာဝတီတိုင်းဒေသကြီးတွင် မြစ်ရေကြီးမှုကြောင့် အခြေခံပညာကျောင်းပေါင်း ၃၀၀ ကျော်ပိတ်ထားရ

ဧရာဝတီတိုင်း ဒေသကြီးတွင် မြစ်ရေကြီးမှုကြောင့် အခြေခံပညာကျောင်းပေါင်း ၃၀၀ ကျော်ပိတ်ထားရကြောင်း သိရသည်။ဧရာဝတီတိုင်းဒေသကြီးတွင် ဧရာဝတီမြစ်ရေတိုးမြင့်လာမှု ကြောင့် ဇူလိုင် ၁၇ ရက်မှစတင်ပြီး အခြေခံပညာကျောင်းများကိုပိတ် ထားခဲ့ရာ ဇူလိုင် ၂၆ ရက်အထိ မြို့ နယ် ၁၄ မြို့နယ်မှ ကျောင်းပေါင်း ၃၁၁ ကျောင်းကိုပိတ်ထားရကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပညာရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဒီမို ကရေစီတူဒေးသို့ ပြောသည်။ ""ဇူလိုင် ၂၆ ရက်ကဆိုရင် ၄၇ ကျောင်းပိတ်လိုက်ရပါတယ်။ တိုင်း ချုပ်အနေနဲ့ဆိုရင် အားလုံးပေါင်း ပိတ်တာ ၃၁၁ ကျောင်းရှိပါတယ်။ မြို့နယ်ကတော့ ၁၄ မြို့နယ်ရှိပါ တယ်။ အဲဒီအထဲမှာ ပြန်ဖွင့်တဲ့ကျောင်း တွေကလည်းပြန်ဖွင့်နေပါပြီ။ ဒီနေ့ အထိဆိုရင် ပြန်ဖွင့်တာ ၁၉ ကျောင်း ရှိပါတယ်။ ကျန်မှာကတော့ ၂၉၂ ကျောင်းကျန်ပါမယ်""ဟု ဧရာဝတီ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၆ ရက်တွင်ပြောကြားသည်။

ယခုရက်ပိုင်းတွင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် အခန်းဆုံးစာ မေးပွဲစစ်ဆေးခြင်းများကိုပြုလုပ်နေ သည့်ရက်များဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးရှိ ကျောင်းများတွင်လည်း စာမေးပွဲများစစ်ဆေးနေကြောင်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးသို
့ ရေကြီးနစ်မြုပ်နေသောကျောင်း များစာရင်းကို မြို့နယ်ပညာရေးမှူး ရုံးများကတင်ပြထားသော်လည်း အချို့နေရာများတွင်စာမေးပွဲများပြီး ဆုံးအောင်စစ်ဆေးပြီးမှသာ ကျောင်း များကိုပိတ်ခဲ့ရကြောင်း ကျောင်း ကုန်းမြို့နယ်ပညာရေးမှူးရုံးမှသိရ သည်။
""ကျွန်တော်တို့ဆီမှာ မနေ့က အထိပိတ်ထားတာရှစ်ကျောင်း၊ မနက်ဖြန် ၂၇ ရက်မှာ ပိတ်မှာက တစ်ကျောင်းရှိပါတယ်။ အားလုံး ပေါင်းပိတ်တဲ့ကျောင်းကိုးကျောင်း လို့တင်ထားပါတယ်။ အခုရက်ပိုင်း ကစာမေးပွဲစစ်နေကြတော့ ကလေး တွေက စာမေးပွဲပြီးအောင် အရင် ဖြေချင်ကြတယ်။ ဒါကြောင့်အပိတ် ပြပြီးစာမေးပွဲပြီးအောင်ဆက်ဖြေ နေကြတာပေါ့""ဟုကျောင်းကုန်းမြို့နယ်ပညာရေးမှူးရုံးမှစာရေးဖြစ်သူ ကိုလင်းလင်းကျော်ကပြောသည်။
ယခုပညာသင်နှစ်တွင် ချင်း တွင်းမြစ်နှင့် ဧရာဝတီမြစ်ရေကြီးခြင်း တို့ကြောင့် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းတို့ရှိ အခြေခံပညာ ကျောင်းများကိုပိတ်ထားရကြောင်း သိရသည်။                
ATK

No comments:

Post a Comment