Wednesday, July 26, 2017

မြန်မာ ယူ-၂၂ အသင်း ဂျပန်တက္ကသိုလ်ချန်ပီယံနှင့် ခြေစမ်းပွဲ ၂ ပွဲ ကစားမည်

မြန်မာ ယူ-၂၂ အသင်းဟာ မလေးရှားဆီးဂိမ်းအကြို နောက်ဆုံးပြင်ဆင်မှုအဖြစ် ဂျပန် တက္ကသိုလ်ပေါင်းစုံ ချန်ပီယံ ရပ်ဆုကန်ဇိုင်းအသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲ ကစားမှာ ဖြစ်ပါတယ်။ြေ ခစမ်းပွဲကို လာမယ့် ဇူလိုင် ၃၀ ရက်နဲ့ သြဂုတ် ၂ ရက်နေ့တွေကျရင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားမှာပါ။ြ မန်မာ ယူ-၂၂ အသင်းဟာ သြဂုတ်လဆန်းမှာ အင်တာမီလန် လူငယ်အသင်းနဲ့ ခြေစမ်းဖို့ စီစဉ်ထားပေမယ့် ဆီးဂိမ်းပြိုင်ပွဲနဲ့ နီးကပ်နေလို့ ခြေစမ်းပွဲ ပျက်ပြယ်ခဲ့ပါတယ်။ ဒါကြောင့် အင်တာမီလန် လူငယ်အသင်းအနေနဲ့ မြန်မာ ယူ-၁၈ အသင်းနဲ့ပဲ ခြေစမ်းပွဲ ၂ ပွဲ ကစားဖြစ်မယ်လို့ သိရပါတယ်။ြ မန်မာ ယူ-၂၂ အသင်းဟာ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စု အေမှာ မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းအသင်းတွေနဲ့ တအုပ်စုတည်း တွေ့ဆုံနေပြီး သြဂုတ် ၁၄ ရက်မှာ စင်ကာပူအသင်းနဲ့ စတင်ကစားရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment