Thursday, July 27, 2017

ချမ်းအေးသာစံမြို့နယ်တွင် တပ်မတော်အရာရှိတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် သီရိဟေမာ အရှေ့ရပ်ကွက် ၂၆ လမ်း၊ ၈၈ လမ်း နှင့် ၈၉ လမ်းကြားတွင် ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီခွဲခန့်က တပ်မတော် အရာရှိတစ်ဦးမှာ ဆိုင်ကယ်မောင်း နှင်
လာစဉ် မော်တော်ယာဉ်တစ်စီးက ဝင်ရောက်တိုက်မိသောကြောင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံ ကြီးသို့ ပို့ဆောင်ကုသစဉ်သေဆုံး သွားကြောင်း သိရသည်။ြ ဖစ်စဉ်မှာ ၂၆ လမ်း၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားတွင် ၂၆ လမ်းအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း ကျော်ဇောဟိန်း (၁၆) နှစ် စိန်ပန်းရပ် မဟာအောင်မြေမြို့နယ် မောင်းနှင် လာသော 4F/---မတ်တူး အနီရောင်ယာဉ်မှာ ၂၆ လမ်းအတိုင်း အနောက်မှအရှေ့သို့ တပ်မတော် အရာရှိဖြစ်သူ ဗိုလ်အောင်မြင့်မြတ် (၂၈) နှစ် မောင်းနှင်လာသော စကိုဖီး အနက်ရောင် ၄ဝယ။--- ဆိုင်ကယ် ကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိခဲ့သဖြင့် ဗိုလ်အောင်မြင့်မြတ် တွင် ဝဲ။ယာနားသွေးထွက်၊ နှာခေါင်း သွေးထွက်၊ အပေါ်နှုတ်ခမ်းကွဲ၊ ဝမ်း ဗိုက်ပွန်း၊ လည်ပင်းပွန်း၊ ဝဲ။ယာဒူး စုတ်ပြဲဒဏ်ရာများ ရရှိခဲ့သည့်အတွက် မန္တလေးအထွေထွေ ရောဂါကုဆေး ရုံကြီးသို့ ပို့ဆောင်ကုသစဉ် သေဆုံး သွားခဲ့သည်။ ""အခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူကို အရေးယူဖို့ ဆောင်ရွက်နေပါတယ်၊။အခုကျော်ဇောဟိန်းကို ချုပ်ရက်ရမန် ယူထားပါတယ်""ဟု အမှတ် (၆) နယ် မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကြေ ပာကြားသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ချမ်းအေးသာစံမြို့နယ် အမှတ် (၆)နယ်မြေရဲစခန်းမှ ယာဉ်မောင်းကျော် ဇောဟိန်းအား (ပ) ၅။၂၀၁၇၊ ပြစ်မှု ပုဒ်မ- ၃၀၄(က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။   MTK

No comments:

Post a Comment