Wednesday, July 26, 2017

သံလွင်တံတားတွင် ကျပ်သိန်း ၁၉၀ဝ၀ကျော်ဖိုး ဘိန်းဖြူဘလောက်တုံးများ ဖမ်းမိ

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်ရှိ သံလွင်တံတား (တာဆန်း) ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၂၄ ရက် မွန်းလွဲပိုင်းက ကိုယ်ပိုင်ယာဉ်တစ်စီးပေါ်မှာ ကျပ်သိန်း ၁၉၀ဝ၀ ကျော်ဖိုး ဘိန်းဖြူဘလောက်တုံးများ ဖမ်းမိကြောင်း မိုင်းပန်မြို့မရဲခန်းထံမှ သိရသည်။ မိုင်းတုံမြို့မှ မိုင်းပန်မြို့သို့ ကိုအိုက်စိုင်းကျော်(၄၄ နှစ်) မောင်းနှင်ပြီး အသက် ၂၂ နှစ်အရွယ် မနန်းစံဟွမ် (၂၂ နှစ်) လိုက်ပါ စီးနင်းလာသော မော်တော်ယာဉ်ကို တာဝန်ရှိသူများက စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်မောင်းမှာ သံလွင်မြစ်ထဲ ခုန်ချထွက်ပြေးသွားကြောင်း၊ ယင်းနောက်ယာဉ် နောက်ဖုံးအတွင်းမှ ကျပ်သိန်း ၁၉၆၆၈ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၂၉၈ တုံး (၉၈ ဒသမ ၃၄ ကီလိုဂရမ်) ဖမ်းဆီးရမိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

“ရှမ်းတောင်ပိုင်းမှာ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိတဲ့ သူတို့နှစ်ယောက်နေတဲ့ ရှမ်းအရှေ့က ပုံပါကျင်နဲ့ နားကောင်းမူက နေအိမ်တွေကို မနေ့ညက ရှာဖွေခဲ့တယ်၊ မူးယစ်ဆေးဝါးတွေ မတွေ့ပေမယ့် လက်နက်တွေနဲ့ ခဲယမ်းတွေ တွေ့ရှိခဲ့လို့ အမှုဖွင့် အရေးယူထားတယ်”ဟု ကျိုင်းတုံမြို့ရှိ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သံလွင်မြစ်အတွင်း ခုန်ချထွက်ပြေး လွတ်မြောက်သော အသက် ၄၄ နှစ်အရွယ် အိုက်စိုင်းကျော်နှင့် အသက်၂၂ နှစ်အရွယ် နန်းစံဟွမ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေများဖြင့် အမှုဖွင့်ထားကြောင်း မိုင်းပန်မြို့မ ရဲစခန်းထံမှ သိရသည်။
The Voice

No comments:

Post a Comment