Thursday, July 27, 2017

"သရုပ်ဆောင်တဲ့အနုပညာ ဆက်လုပ်ချင်သေးတယ်ဆိုတဲ့ ပိုပို"

“ကြောက် ကြောက် ကြောက်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပထမဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့ တေးသံရှင် ပိုပိုက အဲဒီဇာတ်ကားမှာ သရုပ်ဆောင်မှု အပိုင်းနဲ့ပတ်သက်ပြီး အများကြီး ကြိုးစားထားတယ်လို့ ဆိုလာပါတယ်။ ပိုပိုအနေနဲ့ ပထမဆုံးအကြိမ် ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားမှာ အခက်အခဲတွေရှိခဲ့ ပေမယ့် အနုပညာကို ဝါသနာပါတာကြောင့် လုပ်နိုင်တဲ့ ဇာတ်ကောင်မျိုး နဲ့ ကမ်းလှမ်းလာ ရင် သရုပ်ဆောင်တဲ့အနုပညာကို ဆက်လုပ်ချင်တယ်လို့လည်း ပြောပါတယ်။ “ကြောက် ကြောက် ကြောက်” ရုပ်ရှင်ဇာတ်ကားကြီးဟာ နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတဲ့ ဟာသသရဲဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် မင်းသမီးဇာတ်ကောင် အဖြစ် ပိုပိုက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကောင်တစ်ခု အပေါ် သရုပ်ဆောင်တဲ့အခါ ထင်သလောက် မလွယ်ကူသလို သူမရဲ့ ပထမဆုံးဇာတ်ကားဖြစ်တဲ့အတွက် ပရိသတ်တွေက ချစ်တဲ့မျက်လုံးနဲ့ကြည့်ရှုပေးဖို့ကိုလည်း အခုလို ပြောလာပါတယ်။

No comments:

Post a Comment