Thursday, July 27, 2017

ငဝန်မြစ်ရေ အတက်ကြမ်း၊ ဒေသခံများ ဘေးလွတ်ရာ ပြောင်းနေကြရ.

ငဝန်မြစ်ရေ မြင့်တက်လာမှုကြောင့် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ဘုရားညီကျေးရွာနှင့် ကျောင်းကုန်းမြို့နယ်၊ တလုတ်ကုန်းကျေးရွာမှ ရေဘေးသင့် အိမ်ထောင်စု ၃၀၀ခန့်သည် ရေလွတ်ရာ ဒါးကမြို့အနီးရှိ ရထားလမ်းတာဘောင်ပေါ်တွင် ကိုယ်ထူကိုယ်ထ ယာယီတဲထိုးကာ ပြောင်းရွှေ့နေထိုင်နေကြရသည်။ မြစ်ရေသည် တစ်ရက်လျှင် ၆လက်မမှ ၁၂လက်မအထိ မြင့်တက်လာခြင်းကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရမည့် ရေဘေးသင့်ပြည်သူများ ရှိလာဦးမည်ဟု ဒေသခံများက ခန့်မှန်းနေကြသည်။ - ဇော်နိုင်/ဒါးက)

No comments:

Post a Comment