Thursday, July 27, 2017

ဒုတိယအကြိမ်အဖြစ် အနုပညာရှင်များ နေ့ချင်းပြီး အခွန်ထမ်းဆောင်နိုင်ရန် သြဂုတ်လအတွင်း ဆောင်ရွက်ပေးမည်

ဒုတိယအ ကြိမ်အဖြစ်ဆောင်ရွက်ပေးမည့်One Stop Service (နေ့ချင်းပြီး) အခွန် ထမ်းဆောင်ခြင်းကို မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံးတွင် သြဂုတ် ၉ ရက် မှ ၁၁ ရက်အထိ သုံးရက်တိတိ ဆောင်ရွက်ပေး
မည်ဖြစ်ကြောင်း သိ ရသည်။ ယင်းအတွက်ကြောင့် အခွန် ထမ်းဆောင်လိုသူများအနေဖြင့် မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ရုံးချိန်း အတွင်းသွားရောက်ကာ အခွန်ထမ်း ဆောင်နိုင်ကြောင်း သိရသည်။""အနုပညာရှင်တွေအများစုက မအားလပ်ကြတာများတဲ့အတွက် အခွန်သွားဆောင်ဖို့အချိန်မပေးနိုင် တဲ့အခါမျိုးတွေရှိတယ်။ အဲဒါကြောင့် နေ့ချင်းပြီး အခွန်ထမ်းဆောင်လို့ရ အောင် အစည်းအရုံးမှာ အခွန်ထမ်း ဆောင်နိုင်ဖို့အတွက် ဆောင်ရွက်ပေး တာပါ။

ဒီလိုမျိုးဆောင်ရွက်ပေးတာ က ဒုတိယအကြိမ်အနေနဲ့လုပ်ဆောင် ပေးတာပါ""ဟု မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးဒုဥက္ကဋ္ဌ ဦးအေးကြူလေး ကပြောသည်။မြန်မာနိုင်ငံရုပ်ရှင်အစည်းအ ရုံးတွင် ယင်းကဲ့သို့ One Stop Service  (နေ့ချင်းပြီး)ဖြင့် အခွန်ထမ်းဆောင် နိုင်ရန်ဆောင်ရွက်ပေးခြင်းမှာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမဦးဆုံးအကြိမ် အဖြစ် ၂၀၁၇ ခုနှစ် မတ်လတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
mynamarmovice
ယင်းကဲ့သို့ One Stop Service  (နေ့ချင်းပြီး)ဖြင့်အခွန်ထမ်းဆောင် နိုင်ရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့ ပြည်တွင်းအခွန်ဦး စီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။အနုပညာရှင်များ အခွန်ထမ်း ဆောင်လိုပါက အခွန်စည်းကြပ်ရန် လိုအပ်သည့် မှတ်ပုံတင်မိတ္တူ၊ သန်း ခေါင်စာရင်းမိတ္တူ၊ စရိတ်နှင့်ပတ် သက်သည့်အထောက်အထားများ၊ဝင်ငွေနှင့်စပ်လျဉ်းသည်အထောက် အထားများနှင့် အခြားတင်ပြလိုသည့် အထောက်အထားများကို ယူဆောင် လာရန်လိုအပ်ကြောင်း သိရသည်။
NN

No comments:

Post a Comment