Wednesday, July 26, 2017

စာနယ်ဇင်းအလုပ်သည် ရာဇဝတ်မှု မဟုတ်

ဧရာဝတီနှင့် ဒီဗွီဘီမှ သတင်းသမား ၃ ဦးသည် ၎င်းတို့၏ အလုပ်ခရီးစဉ်အတွင်း ဖမ်းဆီးခံခဲ့ရသည်မှာ တလပြည့်ပြီ။ သို့သော် သူတို့အား တရားရုံးတင် ကြားနာမည့် ရက်ကို ရွှေ့ပြောင်းနေသည်မှာ ၂ ကြိမ် ရှိခဲ့ပြီဖြစ်သောကြောင့် သက်ဆိုင်ရာ သတင်းဌာနများမှ လုပ်ဖော်ကိုင်ဘက်များက တွေ့ဆုံနိုင်ခွင့်မရ ဖြစ်နေကြသည်။ ဖမ်းဆီးခံထားရသော သတင်းထောက် ကိုလဝီဝမ်နှင့် ထပ်တူ ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ယနေ့ ဇူလိုင်လ ၂၅ ရက် ဧရာဝတီသတင်းဌာနရှိ သတင်းထောက်များနှင့် ရုံးသူရုံးသားများက စာနယ်ဇင်း လွတ်လပ်ခွင့် ရှိရမည် (Press Freedom) စာနယ်ဇင်းအလုပ်သည် ရာဇဝတ်မှု မဟုတ် (Journalism Is Not a Crime) စာတမ်းပါ တီရှပ်များကို တူညီဝတ်ဆင်ခဲ့ကြသည်။

No comments:

Post a Comment