Thursday, July 27, 2017

မယ်ဆိုင်ချောင်းရေမြင့်တက်လာမှုကြောင့် တာချီလိတ်မြို့ ရေကြီးရေလျှံမှုမဖြစ်ရန် ထိုင်းတောင်သူများပြုလုပ်ထား သည့်ရေတားများ ဖယ်ရှား

TT-water-open မြန်မာနယ်စပ် တာချီလိတ်မြို့တွင် တောင်ကျချောင်းရေများကျဆင်း လာသောကြောင့် မြို့ပေါ်တွင်ရေ ကြီးသည့်ဒဏ်မှကာကွယ်ရန်အတွက် မယ်ဆိုင်ချောင်းအတွင်းမှရေတား များကို ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက ဇူလိုင် ၂၅ ရက် မွန်းလွဲ ၁ နာရီခန့်မှ စတင်၍ဖယ် ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။ ""ကျွန်တော်ရယ်၊ စစ်ဗျူဟာမှူး နဲ့ ခရိုင်လဝကမှူးတို့တိုင်ပင်ပြီး တာဝန်ရှိသူတွေအားလုံးနဲ့ အစည်း အဝေးထိုင်တယ်။ ပြီးတော့ ချောင်း တစ်လျှောက် လျှောက်ကြည့်ပြီး မြို့ခံ တွေနဲ့ပူးပေါင်းပြီး ဆိပ်ကမ်းသုံးခုက အတားအဆီးတွေကို ဖယ်ရှားခဲ့ပါ တယ်""ဟု ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဦးတင်ဝင်းရွှေက ဇူလိုင် ၂၅ ရက်တွင် ပြောကြားသည်။


ထိုင်းနိုင်ငံတောင်သူများက စိုက်ပျိုးရေးလုပ်ဆောင်ရန်အတွက် မယ်ဆိုင်ချောင်းကိုဝါးဖြင့်ပိတ်ကာ ရေတားများပြုလုပ်ပြီး ၎င်းင်းတို့လယ် အတွင်း ရေသွင်းကြလေ့ရှိသည်။ နွေရာသီ၊ ဆောင်းရာသီတွင် ရေကြီး ရေလျှံမှုမရှိသော်လည်း မိုးရာသီ ကာလတွင် တာချီလိတ်မြို့အတွင်းသို့ ချောင်းရေများဝင်ရောက်ပြီး တာ လော့၊ မကာဟိုခမ်း၊ ပုန်းထွန်၊ ဆိုင် ဆိုင်း၊ ပါလျှံ ရပ်ကွက်များရှိ အနိမ့် ပိုင်းများတွင် နှစ်စဉ်ရေနစ်မြုပ်မှုများ ကြုံတွေ့ရသည်။
""အခု ရှင်းလင်းဖယ်ရှားတဲ့ ရေတားတွေကတော့ ပြီးခဲ့တဲ့နွေရာ သီမှာ ထိုင်းလယ်သမားတွေက သူ တို့လယ်မြေအတွင်းရေသွင်းဖို့ ၀ါး တွေနဲ့ ယာယီရေတားလုပ်ထားတာ ပါ။ နှစ်နိုင်ငံအစည်းအဝေးမှာ တရားဝင်ပြောထားပါတယ်။ တာချီ လိတ်မြို့ ရေကြီးနိုင်တဲ့အတိုင်းအတာ တစ်ခုရောက်ရင် ထိုင်းနိုင်ငံတာဝန် ရှိသူတွေအနေနဲ့ ဖယ်ရှားပေးရမယ် လို့ ပြောခဲ့ပြီးသားပါ။ သူတို့မဖယ် ပေးလို့ ကျွန်တော်တို့က ကိုယ့်အစီ အစဉ်နဲ့ကိုယ် ဖယ်ရှားတာဖြစ်ပါ တယ်""ဟု ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေက ပြောကြား သည်။
တောင်ကျရေသည် ဇူလိုင် ၁၅ ရက် နံနက် ၁၀ နာရီခန့်မှစတင် ပြီး အဆက်မပြတ်ကျဆင်းမှုကြောင့် မယ်ဆိုင်ချောင်းရေသည် မွန်းလွဲ ၁ နာရီခန့်တွင် ၂၅၀ စင်တီမီတာမှ ၃၀၀ စင်တီမီတာအထိမြင့်တက်ခဲ့ သည့်အတွက် တာဝန်ရှိသူများက ရေကြီးမှုကိုကာကွယ်ရန် စက်ယန္တရား များအကူအညီဖြင့် ဖယ်ရှားရှင်း လင်းခဲ့ကြောင်း သိရသည်။
TT

No comments:

Post a Comment