Thursday, July 27, 2017

ရန်ကုန်ကြက်ဘဲဈေးတွင် ကြက်သားဈေးများကျဆင်းနေ

ရန်ကုန် ကြက် ဘဲဈေးကွက်တွင် အရောင်းအဝယ် အေးစက်ကာ တစ်ရက်အတွင်း ကြက် သားတစ်ပိဿာလျှင်ကျပ် ၁၀၀၀ ခန့်ကျဆင်းသွားကြောင်း မင်္ဂလာ တောင်ညွန့်မြို့နယ်၊ကြက်ဘဲဈေးရှိ ကြက်လက်လီ၊ လက်ကားဖြန့်ဖြူး ရောင်းဝယ်သူများထံမှ သိရသည်။ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ကြက်ဘဲဈေးတွင် ယမန် နေ့ကကြက်သားတစ်ပိဿာလျှင် ကျပ် ၅၅၀၀ ပေါက်ဈေးရှိခဲ့သော် လည်း ယနေ့တွင်အရောင်းအဝယ် အေးစက်၍တစ်ပိဿာလျှင် ကျပ် ၄၅၀၀ သာပေါက်ဈေးရှိကြောင်း သိ ရသည်။  မင်္ဂလာတောင်ညွန့်မြို့နယ်   ကြက်ဘဲဈေးမှ ကြက်လက်လီ၊လက် ကားဖြန့်ဖြူးရောင်းဝယ်သူ ဦးအောင် ကျော်က""ထားဝယ်မှာ ကြက်ငှက် တုပ်ကွေးတွေဖြစ်တယ်ဆိုတဲ့သတင်း တွေကကြက်ဘဲဈေးကွက်ကိုဆိုးဆိုး ရွားရွားရိုက်ခတ်နေပါတယ်။
မနေ့က ထိ ဒေသကြက်က တစ်ပိဿာကို ကျပ် ၅၅၀၀ ပေါက်ဈေးရှိပေမယ့်သတင်းတွေပြန့်ပြီးနောက်ပိုင်းဒီနေ့ ဒေသကြက်သားဈေးကတစ်ပိဿာ ကိုကျပ် ၄၅၀၀ အထိထိုးကျသွား တယ်။ ကျပ် ၄၅ဝဝနဲ့ရောင်းပေး တာတောင်ဝယ်သူမရှိဘူး""ဟုဇူလိုင် ၂၆ ရက်က ပြောသည်။ယင်းအပြင် ကြက်မွေးမြူရေးလုပ်ငန်းရှင်များသည် ရာသီဥတုအ ခြေအနေကြောင့် ရေကြီးရေလျှံမှု   များဖြစ်ကာ ဆုံးရှုံးမှုမဖြစ်စေရန်ကြက်များကို ဈေးကွက်အတွင်းသို့ပိုမိုတင်ပို့ရောင်းချလာခြင်းကြောင့် လည်း ယင်းသို့ဈေးနှုန်း
ကျဆင်းလာ ခြင်းဖြစ်ကြောင်းသိရသည်။
ဦးအောင်ကျော်က""အခုအချိန် ကနယ်တွေရေကြီးတော့ ကြက်တွေ ရေထဲသေမှာစိုးလို့ဈေးကွက်ကို ထိုး တင်ရောင်းတဲ့အချိန်လည်းဖြစ်နေ တယ်။ အဝင်များတဲ့အချိန်မှာ အခု လိုပြဿနာဖြစ်တော့ ရန်ကုန်ကြက် ဘဲဈေးကွက်အနေအထားကဆိုးဆိုး ရွားရွားဖြစ်နေတယ်။ ဒီကုန်ကလှောင် ထားလို့ရတဲ့ကုန်မဟုတ်ဘူး။ ဒီအချိန် မှာသာနောက်ထပ်ဒေသကြက်တွေ ထပ်တင်လာရင်အရှုံးပေါ်မှာပဲ။ ဒါ ကြောင့်ဒေသကြက်တွေကိုတင်ပို့မှု ပိတ်ထားတယ်။
အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်တဲ့အချိန်မှပဲပြန်တင် ပို့ဖို့ပြောထားတယ်""ဟုပြောသည်။
ယင်းဖြစ်စဉ်များကြောင့် ကြက် မွေးမြူရေးလုပ်ငန်းရှင်များ၊ ကြက် လက်လီ၊ လက်ကားဖြန့်ဖြူးရောင်း ဝယ်သူများအရှုံးပေါ်သဖြင့် ရန်ကုန် ကြက်ဘဲဈေးသို့တင်ပို့လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ
တိုင်းဒေသကြီးများမှ ဒေသကြက်များကိုတင်ပို့မှုပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။မင်္ဂလာတောင်ညွန့်မြို့နယ်ကြက်ဘဲဈေးမှ ကြက်လက်လီ၊ လက် ကားဖြန့်ဖြူးရောင်းဝယ်သူဦးမင်း အောင်က""ဒီနေ့ကြက်သားရောင်းအားကကျဆင်းလာတယ်။ ဝယ်လို အားနည်းပြီးဈေးထဲမှာ အရောင်းအ ဝယ်အေးစက်လာတဲ့အတွက်ဈေး ကလည်းထိုးကျလာတယ်""ဟု ပြော သည်။
TEEP

No comments:

Post a Comment