Wednesday, July 26, 2017

ဦးကျော်မင်းဆွေ၏အမှုကို ချေဖျက်ပေးရန် တိုင်းတရားလွှတ်တော်ရုံးသို့ တင်ပြထား

ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံရသူ The Voice အယ်ဒီတာ ချုပ် ဦးကျော်မင်းဆွေ၏အမှုအား ချေဖျက်ပေးရန် ရန်ကုန်တိုင်းဒေ သကြီးတရားလွှတ်တော်ရုံးသို့ လျှောက်ထားတင်ပြထားကြောင်း ၎င်း၏အကျိုးဆောင်ဥပဒေအကြံ ပေးရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။ ၂၀၀၀ ပြည့်နှစ် ပြည်ထောင် စုတရားစီရင်ရေးဥပဒေပုဒ်မ ၃၉ နှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၅၆၁-က အရ အမှုအား ချေဖျက် ပေးရန် လျှောက်ထားခြင်းဖြစ် ကြောင်း ရှေ့နေ ဦးခင်မောင်မြင့် က ပြောသည်။ ဇူလိုင် ၂၅ ရက်တွင် The Voice သတင်းစာမှ တာဝန်ရှိသူ များနှင့် ရှေ့နေ ဦးခင်မောင်မြင့် တို့က ဦးကျော်မင်းဆွေ၏အမှု ၌     လုပ်ဆောင်မှုများနှင့်ပတ် သက်ပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက် များအား အထက်ပါအတိုင်း ပြော ကြားသည်။



‘‘ချေဖျက်ပေးမယ့် အမှုဖြစ် နေလို့ ကျွန်တော်တို့က ဒီနေ့ပဲ တိုင်းတရားလွှတ်တော်ကို ချေ ဖျက်ပေးဖို့ သွားရောက်လျှောက် ထားခဲ့တာပါ’’ဟု ရှေ့နေ ဦးခင် မောင်မြင့်က ပြောသည်။

၁၉၇၃ ခုနှစ် စကားရပ်များ အနက် အဓိပ္ပာယ်ဖွင့်ဆိုရေးဥပ ဒေပုဒ်မ ၃(ဆ) ပါ ပြဋ္ဌာန်းချက် အရ ၂၀၁၄ ခုနှစ် သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅(ခ) ဖြင့် တရားစွဲဆိုဖြေရှင်းရမည့်အမှုကို ဖြစ်စဉ်အ ကြောင်းအရာနှင့်ညီညွတ်ခြင်းမရှိ သော ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် မှားယွင်းစွဲဆိုထား ခြင်း၊ သတင်းမီဒီယာဥပဒေပုဒ်မ ၂၃ ပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်၍ ဥပဒေပါပြဋ္ဌာန်းချက်နှင့်ညီညွတ် ခြင်းမရှိသော တိုင်ကြားစာအား လက်ခံ၍ မှားယွင်းအမှုဖွင့်တရား စွဲဆိုခဲ့ခြင်းနှင့် ပြည်ထောင်စုသမ္မ တမြန်မာနိုင်ငံတော်ရဲလက်စွဲဥပ ဒေဒုတိယစာပိုဒ် ၁၄၁၆ ပါ ပြဋ္ဌာန်းချက်အရ အမှုပိတ်သိမ်းရန် တိကျ စွာ သတ်မှတ်ထားပါလျက်အမှုကို ပိတ်သိမ်းခြင်းမပြုဘဲ မှားယွင်းစွာ တရားစွဲဆိုတင်ပို့ခဲ့ခြင်း စသည့် ဥပဒေအကြောင်းပြချက်များ သည် အမှုအား ချေဖျက်ပေးရန် အဓိကကျသည့် အချက်များဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ လျှောက် ထားတင်ပြသည့် စာတွင် ထည့် သွင်းရေးသားထားသည်။

ထို့အပြင် လျှောက်ထားခံရ သူသည် မြန်မာနိုင်ငံသတင်းမီဒီ ယာကောင်စီ၊ ဗဟန်းမြို့မရဲစခန်း နှင့် ဗဟန်းမြို့နယ်တရားရုံးများသို့ တူညီသော ဖြစ်စဉ်အကြောင်းအ ရာတစ်ခုတည်းအား အရေးယူ ပေးရန် ဥပဒေပိုင်ခွင့်ကို လွန်လွန် ကျွံကျွံအသုံးပြုလျက်တိုင်ကြားခဲ့ ခြင်းကို တရားစွဲအဖွဲ့အစည်းများ က လျစ်လျူရှု၍ ဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် ညီညွတ်ခြင်းမရှိဘဲ တရားစွဲဆိုတင်ပို့ခြင်းစသည့်အ ချက်များသည် စွဲဆိုထားသည့် ပုဒ် အင်္ဂါရပ်များနှင့် အကျုံးမဝင် ကြောင်း တိုင်းလွှတ်တော်ရုံးသို့ လျှောက်ထားသည့်စာ ထည့်သွင်း ရေးသားထားသည်။

လျှောက်ထားတင်ပြမှုကို တိုင်းတရားလွှတ်တော်ရုံးက လက်ခံပါက အမှုကို ကြားနာစစ် ဆေးမည်ဖြစ်၍ လက်ရှိဗဟန်းမြို့ နယ်တရားရုံးတွင် စစ်ဆေးနေ သည့် ၆၆(ဃ) အမှုကို ပိတ်သိမ်း ပေးရမည်ဖြစ်ကြောင်း ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။

မတ်လ ၂၆ ရက်ထုတ် The Voice Daily သတင်းစာတွင် ဖော် ပြခဲ့သည့် ‘ကျည်ထောင်စုသစ္စာ’ အမည်ရှိ သရော်စာဆောင်းပါး ကြောင့် တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေသည်ဆိုကာ ဦးကျော် မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင် တို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုပြီး ဇွန်လ ၂ ရက်တွင် ဗဟန်းမြို့နယ်ရဲစခန်း က ဖမ်းဆီးခဲ့သည်။

ဇွန်လ ၁၆ ရက်က ဒုတိယအ ကြိမ် ရုံးထုတ်ရာတွင် ဆောင်းပါး ရှင် ဗြိတိသျှကိုကိုမောင်ကို ရုံး ထုတ်ခြင်းမရှိဘဲ အမှုနှင့်သက် ဆိုင်ခြင်းမရှိဟုဆိုကာ လွှတ်ပေးခဲ့ သည်။  ထို့အပြင် ဗြိတိသျှကိုကို မောင်နှင့် The Voice အယ်ဒီတာ ချုပ် ဦးကျော်မင်းဆွေတို့ကို တပ် မတော်က သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ) ဖြင့် ထပ်မံတရားစွဲ ဆိုခဲ့သည်။ အမှုကို ဇူလိုင် ၂၁ ရက်တွင် ဗဟန်းတရားရုံး၌ ရှစ်ကြိမ် မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ) နှင့် တရားစွဲဆိုခံထားရသူ ဗြိတိသျှကိုကိုမောင်သည် ငွေကျပ် ၁၀ သိန်းတန်အာမခံသူနှစ်ဦး လက် မှတ်ရေးထိုးကာ အာမခံရရှိခဲ့ သည်။

ဦးကျော်မင်းဆွေကို ဗဟန်းမြို့နယ်တရားရုံးက ဇူလိုင် ၂၈ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆိုထား သည်။ ငြိမ်းချမ်း

No comments:

Post a Comment