Wednesday, July 26, 2017

ငဝန်မြစ်ကမ်းဘေး မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း မြစ်ရေအခြေအနေ သတိပေးချက် လိုက်လံကြေညာ

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ငဝန်မြစ်ရေသည် ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ၃၀ ဒဿမ ၂၀ ပေ စိုးရိမ်ရေ အမှတ် အထက် ၃ ပေခန့် ကျော်လွန်ရောက်ရှိ လျက်ရှိပြီး မြစ်ရေပေဝက် ခန့် ဆက်လက် တက်လာနိုင်ကြောင်း မိုး/ဇလဌာနမှ ခန့်မှန်းချက် ထုတ်ပြန်ထားရာ အဆိုပါနေ့ နံနက်ပိုင်း၌ သဘာဝဘေး ရှာဖွေကယ် ဆယ်ရေး အဖွဲ့၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့သဘာဝ ဘေးအန္တရာယ်ကြို တင် ကာကွယ်ရေးအဖွဲ့ဝင်များက ငါးသိုင်းချောင်းမြို့ ငဝန်မြစ်ကမ်းဘေး မြေနိမ့်ပိုင်းရှိ ငဝန်ရပ်ကွက်အတွင်း မြစ်ရေအခြေအနေ သတိပေးချက်များ ကို ရပ်ကွက်အတွင်း လှည့်လည် လိုက်လံကြေညာ ခဲ့ကြောင်း သိရသည်။

ရုပ်မြင်သံကြားနှင့် ရေဒီယိုများ၊ အင်တာနက် ဝက်ဘ်ဆိုဒ် များရှိ မိုး/ဇလ ဌာနမှ သတိပေး ထုတ်ပြန်ချက်များအား အဆက်မပြတ် နားထောင်၍ သတိပြုနေထိုင်ကြရန် လှည့်လည်ကြေညာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လတ်တလော အခြေအနေတွင် ငဝန်ရပ်ကွက်အတွင်း မြစ်ကမ်းဘေး မြေနိမ့်ပိုင်းမှ အိမ်ထောင်စု ၈ စု ရပ်ကွက်အတွင်းရှိ ယာယီရေဘေး ကယ်ဆယ်ရေး စခန်းနှစ်ခုတွင် ရွှေ့ပြောင်းနေထိုင်လျက် ရှိကြောင်း၊ မြစ်ကမ်းဘေး မြေနိမ့်ပိုင်းရှိ အခြေခံပညာကျောင်း (၃) ကျောင်း ယာယီပိတ်ပေးထားရကြောင်း၊ ငဝန်ရေကာတာမှာ လက်ရှိ ရေအမှတ် တွင် ကြံ့ခိုင်မှု ကောင်းမွန်လျက်ရှိနေဆဲဖြစ်ပြီး ဒေသခံပြည်သူ များ ပုံမှန် ဆက်သွယ် သွားလာလျက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
The Ladies News

No comments:

Post a Comment