Wednesday, July 26, 2017

တိုက်စစ်မှူး အမ်ဘာပေးကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ရီးရဲလ်ပြင်ဆင်

ရီးရဲလ်မက်ဒရစ်အသင်းဟာ မိုနာကိုတိုက်စစ်မှူး အမ်ဘာပေးအတွက် ယူရို သန်း ၁၆၀ နီးပါးနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားပြီး နောက်ထပ် ယူရို သန်း ၂၀ ထပ်တိုးပေးကာ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီအပြောင်းအရွှေ့သာ ဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာ့အမြင့်ဆုံး ပြောင်းရွှေ့ကြေး ဖြစ်လာမှာပါ။ လက်ရှိ ပြောင်းရွှေ့ကြေးအမြင့်ဆုံးဖြစ်တဲ့ ပေါ့ဂ်ဘာ ပေါင် ၈၉ သန်း၊ ဂါရတ်ဘေးလ် ပေါင် ၈၅ သန်း၊ ရော်နယ်ဒို ပေါင်သန်း ၈၀၊ ဟီဂွာအင် ပေါင် ၇၅ သန်း တို့ထက် မြင့်သွားမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်စ်က အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ အဲဒီကစားသမားကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပေမယ့် ဒါဟာ မှားယွင်းတဲ့အချိန်မှာ မှားယွင်းတဲ့အပြောင်းရွှေ့ ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရော်နယ်ဒို၊ ဘန်ဇီမာ၊ ဂါရတ်ဘေးလ် အစရှိတဲ့ ကမ္ဘာ့အဆင့်မီ တိုက်စစ်မှူး ၃ ဦးအထိ ရှိနေတဲ့အတွက် အမ်ဘာပေးအတွက်တော့ နေရာရဖို့ ရုန်းကန်ရနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။ အမ်ဘာပေးဟာ ပြီးခဲ့ရာသီက မိုနာကိုအသင်းအတွက် ၄၄ ပွဲကစားပြီး ၂၆ ဂိုး သွင်းယူပေးခဲ့သလို မိုနာကိုအသင်း အမှတ်ပေးဖလား ရရှိခဲ့တာနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အဓိက ကစားသမားတဦးလည်း ဖြစ်ခဲ့ပါတယ်။

No comments:

Post a Comment