Thursday, July 27, 2017

အကြမ်းဖက်သမား စာရင်းသစ်ကို စိတ်ပျက် အံ့သြကြောင်း ကာတာ ပြော

အာရပ် လေးနိုင်ငံက အသစ်ထပ်ပေါင်းလိုက်တဲ့ အကြမ်းဖက်အဖွဲ့နဲ့ အကြမ်းဖက်သမား ၁၈ ဦးစာရင်းကို စိတ်ပျက် အံ့သြတယ်လို့ ကာတာနိုင်ငံက ပြောပါတယ်။ေ ဆ်ာဒီ အာရေဗျ၊ အီဂျစ်၊ ယူအေအီးနဲ့ ဘာရိန်းတို့က ယေမင်နဲ့ လစ်ဗျား အခြေစိုက်တဲ့ အဖွဲ့ ၉ ဖွဲ့၊ တခြား အာရပ်နိုင်ငံတွေမှာ အမည်ပျက် စာရင်းသွင်းလိုက်တဲ့ ၉ ဦးတို့ဟာ ကာတာရဲ့ အကြမ်းဖက် အားပေးမှုနဲ့ ဆက်စပ်နေတယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ပိတ်ဆို့အရေးယူနေတဲ့ နိုင်ငံတွေဟာ အကြမ်းဝါဒကို တိုက်ဖျက်ဖို့ စိတ်မပါဘူးဆိုတာ အသစ်ထွက်လာတဲ့ စာရင်းသစ်ကို ကြည့်ရင် သိနိုင်တယ်၊ အရင်ပြောခဲ့ဖူးသလိုပဲ၊ ကာတာမှာရှိတဲ့ အကြမ်းဖက် ဆက်နွယ်သူတွေကို အကုန်တရားစွဲဆို အရေးယူပြီးပါပြီလို့ အစိုးရ ပြန်ကြားရေးရုံး ညွှန်ကြားရေးမှူး ရှိခ် ဆာအစ်ဖ် ဘင် အာမင် အယ်လ် သာနီက တုံ့ပြန်ပါတယ်။ MCN TV News

No comments:

Post a Comment