Wednesday, July 26, 2017

ရွှေဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြန်

ပြည်တွင်းရွှေဈေးအနည်းငယ်ပြန်လည်မြင့်တက်လာပြီး တစ်ကျပ်သားလျှင် ကျပ် ၉ သိန်းကျော်အထိ ပြန်လည်ရောက်ရှိလာကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်းများအသင်းမှသိရသည်။ ဇူလိုင်လ ဒုတိယပတ်အတွင်း ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားလျှင်ကျပ် ၈ သိန်း ၈ သောင်းဝန်းကျင်သာရှိပြီး ဇူလိုင် ၂၄ ရက်နေ့ တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉ သိန်း ၁၅၀၀ ကျပ်အထိပြန်လည်မြင့်တက်လာ ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးသည် တစ်​ထရိုင်​​အောင်​စလျှင် အမြင့်ဆုံးဈေး ၁၂၁၅ ဒေါ်လာဝန်းကျင်ရှိခဲ့ရာမှ အမြင့်ဆုံးဈေး ၁၂၄၀ ဒေါ်လာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ပြည်တွင်းရွှေဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာခြင်းဖြစ်သည်။
ပြည်တွင်းဒေါ်လာငွေကြေးလဲလှယ်နှုန်းမှာ ၁၃၅၀ ကျပ်ဝန်းကျင်ရှိနေသည်။ HEZ

No comments:

Post a Comment