Thursday, July 27, 2017

ချင်းတောင်ပေါ်တွင် မြေပြိုလမ်းပျက်စီးပိတ်ဆို့မှုများကြောင့် ဒေသခံများအခက်အခဲဖြစ်

AB-ROADချင်းပြည်နယ် တွင် မိုးရာသီကာလမြေသားပြိုကျမှု များကြောင့် လမ်းပျက်စီးခြင်း၊ လမ်း  ပိတ်ဆို့ခြင်းများဖြစ်ပေါ်လျက်ရှိရာ ဒေသခံများ လူမှုရေး၊ စီးပွားရေး  လုပ်ငန်းများအခက်အခဲများဖြင့် ကြုံ  တွေ့နေရပြီး လမ်းပိုင်းများပြိုကျပျက် စီးနေမှုကြောင့် ဆိုင်ကယ်များဖြင့် သာ အဓိကထားသွားလာနေကြရ ကြောင်း သိရသည်။ ချင်းပြည်နယ်ရှိတောင်များတွင်  မိုးတွင်းကာလမြေသားပြိုကျမှုများ မကြာခဏဖြစ်ပွားသောကြောင့် ဒေသခံများမှာ ကုန်စည်ပို့ဆောင် ရေး၊ ခရီးသွားလာရေး၊ ကျန်းမာရေး နှင့် လူမှုရေးအခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။

""ဆိုင်ကယ်က တော်ရုံတန်ရုံ လမ်းပိတ်ဆို့တာလောက်ကတော့ ယောက်ျားလေးနှစ်ဦးနဲ့ မပြီးသွားလာ  လို့ရတယ်။လမ်းမှာဆိုင်ကယ်ပျက် တာတို့၊ တစ်ခုခုဖြစ်တာတို့ဆိုရင် လည်း လမ်းဘေးကပ်ပြီး ဘယ်နား ပြင်ပြင်ချက်ချင်းပြင်လို့ ရတယ်။ တ ချို့လမ်းပျက်စီးတဲ့နေရာမှာဆိုရင် ဆိုင်ကယ်တစ်စီးစာလောက်ကတော့  အေးအေးဆေးဆေးဖြတ်သွားလို့ရ တာကြောင့် အချိန်မြန်မြန်နဲ့လိုရာ ခရီးရောက်လို့ ဆိုင်ကယ်နဲ့ပဲအဓိ ကထားသွားတာပါ""ဟု ဆိုင်ကယ် ဖြင့် ခရီးနှင်သူ ကိုငယ်ငယ်ကပြော သည်။
AB-ROAD
ကလေး-တီးတိန်-ရိဒ်လမ်းပိုင်း  အပါအဝင် ကလေး-ဖလမ်း၊ ဖလမ်း- ဟားခါးလမ်းပိုင်းစသော နယ်စပ် ကုန်သွယ်ရေးလမ်းမကြီးများကို ပြီး ခဲ့သည့် ပွင့်လင်းရာသီက ကုမ္ပဏီ များ တင်ဒါခေါ်၍ လမ်းချဲ့ထွင် မှုများ၊ ကတ္တရာလမ်းအဖြစ် အဆင့် မြှင့်တင်မှုများပြုလုပ်ခဲ့သော်လည်း ယခုမိုးတွင်းကာလတွင် လမ်းပျက် စီးမှုများမကြာခဏဖြစ်ပေါ်လျက်ရှိ ရာ ခရီးသည်နှင့်မော်တော်ကား များသွားလာရေးအခက်အခဲမရှိစေ ရေးအတွက် ပြည်သူ့ဆောက်လုပ် ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့မှ အင်ဂျင်နီယာ များက သက်ဆိုင်ရာလမ်းပိုင်းအလိုက်  ဝန်ထမ်းများ တာဝန်ချထားကာ မြေပြို၊ လမ်းပြိုမှုများကို စက်ယန္တ ရားကြီးများဖြင့် အချိန်နှင့်တစ်ပြေး ညီ ရှင်းလင်းဖယ်ရှားပေးလျက်ရှိ သည်။
AB

No comments:

Post a Comment