Thursday, July 27, 2017

ခရီးသည်တင် မှန်လုံယာဉ် ၃ စီး တိုက်မိ၊ ၄ ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာ ရ

(၂၆.၇.၂၀၁၇)နေ့  ဇူလိုင်လ ၂၆ ရက်နေ့  ယနေ့ ညနေ (၄း၀၀)နာရီ ခန့်တွင် ဧရာဝတီတိုင်း ဒေသကြီး မအူပင်​ခရိုင်​ ၊ ပန်းတနော်မြို့နယ်​ ၊ ရန်​ကုန်​-ပုသိမ်​ကားလမ်း ၊ ဘဝိုင်းညောင်နှစ်ပင်အနီး၌ ခရီးသည်တင် မှန်လုံယာဉ် ၃ စီး တိုက်မိပြီး ၄ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ေ ကျာင်းကုန်း စေတနာရှင်မှန်လုံယာဉ် ၊ ရဲအောင်လံ ဂွမှန်လုံယာဉ် နှင့် ဝါးခယ်မရွှေခယ်ဝတီ မှန်လုံယာဉ်တို့ မတော်တဆ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ အဆိုပါယာဉ်တိုက်မှုကြောင့် ကျား (၂)၊ မ(၂)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိခဲ့သူ (၁၂)ဦးကို အရေးပေါ်လူနာတင်ယာဉ် (၃)စီး၊ မီးသတ်ယာဉ် (၁)စီး၊ နာရေးကူညီမှုယာဉ်(၁)စီး တို့ဖြင့် ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရပါသည်။

No comments:

Post a Comment