Wednesday, July 26, 2017

အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း ရေနံတူးမှုရပ်ရန် တရုတ် တိုက်တွန်း

တောင်တရုတ်ပင်လယ်က ပိုင်နက်အငြင်းပွားနယ်မြေမှာ ရေနံတူးနေတာတွေကို ရပ်တန့်ဖို့ တရုတ်က ဇူလိုင် ၂၅ ရက်နေ့မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။ စပရက်တလီကျွန်း တရုတ်အခေါ် နန်ရှကျွန်းလို့ခေါ်တဲ့ နေရာမှာ ဗီယက်နက်အစိုးရပိုင် ရေနံကုမ္ပဏီနဲ့ စပိန်ရေနံကုမ္ပဏီ ရက်ပ်ဆိုတို့ ပေါင်းပြီး ရေနံစမ်းသပ်တူးဖော်နေတာကို တရုတ်က အခုလို တိုက်တွန်းပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဇွန်လလယ်လောက်ကစပြီး အဲဒီနေရာမှာ ရေနံတူးဖော်နေတာလည်း ဖြစ်ပါတယ်။ အဲဒီကျွန်းတွေဟာ တရုတ်ရဲ့ အငြင်းပွားစရာမလိုတဲ့ အချုပ်အခြာနယ်မြေတွေ ဖြစ်တယ်၊ ဒီနယ်မြေရဲ့ ရေပြင်၊ ပင်လယ်ကြမ်းပြင်၊ မြေပြင်တွေနဲ့ပတ်သက်ပြီး တရုတ်မှာ အချုပ်အခြာအာဏာနဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ တောင်တရုတ်ပင်လယ်တွင်း တဘက်သတ် ဥပဒေချိုးဖောက်နေမှုတွေကို သက်ဆိုင်ရာနိုင်ငံတွေ ရပ်တန့်ဖို့လိုတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လီကန်းက ပြောကြားလိုက်ပါတယ်။

No comments:

Post a Comment