Thursday, July 27, 2017

ပခုက္ကူတွင်​ ပြည့်​တန်​ဆာလုပ်ကိုင်သူ အမျိုးသားများ အပါအဝင် ၂၇ ဦး ဖမ်းဆီး

ပခုက္ကူမြို့တွင်​  ပြည့်​တန်​ဆာလုပ်​ငန်းဖြင့်​ အသက်​​မွေးဝမ်း​ကျောင်း ပြု​နေသူ အမျိုးသား ၄ဦးနှင့်​ အမျိုးသမီး ၂၃ဦးတို့အား ပြည့်​တန်​ဆာမှုဖြင့်​ ဖမ်းဆီးထား​ကြောင်း ပခုက္ကူမြို့မရဲစခန်းမှ သိရသည်​။ြ ပည့်​တန်​ဆာမှုဖြင့်​ ဖမ်းဆီးထားသူများမှာ ပခုက္ကူမြို့ အမှတ်​ ၆ ရပ်​ကွက်​ မြိုင်​သာယာရပ်​မှ ဖြစ်​ပြီး ဇူလိုင်​လ ၂၅ ရက်​​နေ့ ည​နေပိုင်း က ဖမ်းဆီးခဲ့ခြင်း ဖြစ်​သည်​ဟု ပခုက္ကူမြို့မရဲစခန်းမှ တာဝန်​ကျ ရဲအရာရှိက ဆိုသည်​။ အဆိုပါ ဖြစ်​စဉ်​နှင့်​ ပတ်​သက်​၍ ပြည့်​တန်​ဆာလုပ်​ငန်းဖြင့်​ အသက်​​မွေး ဝမ်း​ကြောင်းပြုလုပ်​သူများအား ပခုက္ကူမြို့မရဲစခန်းမှ ပြည့်​တန်​ဆာ ပုဒ်​မအရ အ​ရေးယူရန်​စစ်​​ဆေးလျက်​ရှိ​ကြောင်း သိရသည်​။ ပြည့်​ဖြိုး​ကျော်

No comments:

Post a Comment