Thursday, July 27, 2017

အချစ်ရေးနဲ့ ပတ်သက်ပြီး ထုတ်ဖော်မပြောချင်တဲ့ အေးဝတ်ရည်သောင်း (ခေါ်)အေးသောင်း

ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးရန်အတွက် ကမ်းလှမ်းမှုများ ရှိနေသော်လည်း ဇာတ်လမ်းပုံစံများကို စိစစ်နေတယ်လို့ သရုပ်ဆောင် အေးဝတ်ရည်သောင်းက ပြောပြခဲ့ပါသည်။ လက်ရှိမှာ သရုပ်ဆောင်အေး ဝတ်ရည်သောင်းဟာ Myanmar Media 7 Co.,ltd က ရိုက်ကူးတဲ့ 'မင်္ဂလာ ရှိသောအရပ်' ရုပ်သံဇာတ်လမ်းတွဲမှာ ကျောင်းဆရာ မလေးကာ ရိုက် တာအဖြစ် ပါဝင်သရုပ်ဆောင်လျက်ရှိနေပါသည်။ ''အခုလောလောဆယ်တော့ ပေါက်စီ Media7 ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲ တစ်ခုမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ အခုလောလောဆယ်တော့ ပေါက်စီကို ဇာတ်ကားရိုက်ကူးဖို့ လာကမ်းလှမ်းတာတွေရှိပါတယ်။ ဒါပေမဲ့လည်း ပေါက်စီဇာတ်လမ်းတွေကိုသေချာဖတ်ကြည့်ပြီးတော့မှ ကာရိုက်တာအရ လက်ခံရိုက်ကူးမယ်။ မရိုက်ကူးဘူးဆိုတာကို ဆုံးဖြတ်ရမှာပေါ့နော်''လို့ သရုပ် ဆောင် အေးဝတ်ရည်သောင်း ကဆိုပါသည်။ ဇာတ်ကားတွေကို လက်ခံရိုက်ကူးရာမှာ ''အသက်အရွယ် နဲ့လိုက်ဖက်ညီတဲ့ဇာတ်လမ်းတွေကိုသာ ဦးစားပေးလက်ခံ ရိုက်ကူးသွား မယ်''လို့ သရုပ်ဆောင် အေးဝတ်ရည်သောင်းက ပြောပြခဲ့ပါသည်။

''ဇာတ်ကားတွေကိုကျတော့ အခု ပေါက်စီရဲ့အသက်အရွယ်နဲ့ လိုက်ဖက် တဲ့ဇာတ်လမ်းမျိုးကိုပဲ လက်ခံဖြစ်တယ်။ အသက် (၁၆) နှစ်အရွယ်လောက် ကိုရိုက်မယ်ဆိုရင် ကြည့်ရတဲ့ ပရိသတ်တွေအတွက် အဆင်ဘယ် လိုမှမပြေတော့ဘူးလေ။ အဲဒါကြောင့် ပေါက်စီအသက်အရွယ် နဲ့လိုက်ဖက် တယ် ကိုယ်တိုင်လည်းလုပ်နိုင်တဲ့ကာရိုက်တာလည်း ဖြစ်ရမယ်။ အရေးကြီးဆုံး အချက်ကတော့ ပရိသတ်တွေအတွက် ဇာတ်ကားတစ် ကားကိုကြည့်ပြီးတော့ တစ်ခုခုကျန်ခဲ့မယ့်ဟာမျိုးပေါ့ နော်။ ဥပမာ-ဟာသဆိုရင် လည်း သဘာဝကျကျရယ်ရတာမျိုး၊ ပညာပေး ဇာတ်လမ်းဆိုရင် လည်း တစ်ခုခု ပညာရသွားတာမျိုး အဲဒီလို ဇာတ်ကားတွေကိုပဲ ရွေးချယ်လက်ခံဖြစ်နေတယ်''လို့ ဆက်လက်ပြောပြခဲ့ပါသည်။
သရုပ်ဆောင် အေးဝတ်ရည်သောင်း၏ အချစ်ရေးနှင့်ပတ်သက်၍လည်း ပရိသတ်အများစုမှ စိတ်ဝင်စားလျက်ရှိနေရာ အချစ်ရေးနှင့်ပတ်သက်၍ သရုပ်ဆောင်အေးဝတ်ရည်သောင်းမှ အတိအလင်းပြောကြားခြင်းမရှိခဲ့ပါ။ ''ပေါက်စီလည်းအရွယ်ရောက်နေပြီဖြစ်တဲ့အတွက် ချစ်သူရည်းစား ကတော့ ရှိပါတယ်။ ဒါ ပေမဲ့လည်း ဘယ်သူဘယ်ဝါဆိုတာကိုတော့ ထုတ်မပြော ချင်သေးပါဘူး။ အချစ်ရေးကတော့ ပုံမှန်ပါပဲ''လို့ဆိုပါသည်။ သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ အနုပညာလောကကို 'ရတနာပုံ' ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးခဲ့တာကတစ်ဆင့် ဒုတိယအကြိမ်ပြန် လည်ရောက်ရှိလာခြင်းဖြစ်သည်။
NN

No comments:

Post a Comment