Wednesday, July 26, 2017

"ဟန်သီရဲ့ မွေးနေ့အလှူ "

ဇူလိုင်လ ၂၅ ရက်မှာ ကျရောက်တဲ့ Miss Supernational Myanmar 2014 အလှမယ် ဟန်သီရဲ့ အသက်နှစ်ဆယ်ပြည့် မွေးနေ့အလှူကိုတော့ ဗဟန်းမြို့နယ်မှာရှိတဲ့ မဟာစည်သာသနာ့ရိပ်သာမှာ ပြုလုပ်ခဲ့ပါတယ်။ ဟန်သီရဲ့ အသက်နှစ်ဆယ်မွေးနေ့မှာတော့ မဟာစည်သာသနာ့ရိပ်သာမှာရှိတဲ့ သံဃာတော်အပါး ၂၀၀နဲ့ သီလရှင်အပါး ၁၅၀အတွက် နေ့ဆွမ်းဆပ်ကပ်ခဲ့ပါတယ်။ေ မွးနေ့ရှင် ဟန်သီက တစ်နှစ်နဲ့တစ်နှစ် မတူညီတဲ့ရင့်ကျက်မှုတွေပိုရလာတယ်လို့ ပြောပါတယ်။ဟန်သီရဲ့မွေးနေ့ပွဲမှာတော့ သူရဲ့မိသားစုတွေ၊ အနုပညာမောင်နှမတွေက တက်ရောက်ခဲ့ကြပြီး ဟန်သီအတွက် မွေးနေ့ဆုတောင်းစကားတွေကို ရေးသားခဲ့ကြပါတယ်။ ဟန်သီဟာ ပိုလန်နိုင်ငံမှာကျင်းပခဲ့တဲ့ Miss Supernational 2014 ပြိုင်ပွဲမှာ မြန်မာကိုယ်စားကိုယ်သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အာရှကိုယ်စားပြုအလှမယ်ဆုနဲ့ Miss Internet ဆုတွေကို ရယူနိုင်ခဲ့သူဖြစ်ပါတယ်။

No comments:

Post a Comment